ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်ပြီး မွေးကင်းစကလေးအပါအဝင် ၃ ဦးသေကာ၇ ဦးဒဏ်ရာရ

ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်ပြီး မွေးကင်းစကလေးအပါအဝင် ၃ ဦးသေကာ၇ ဦးဒဏ်ရာရ

ပေါင်မြို့နယ် ကျုံကကျေးရွာ ကားလမ်းပေါ်တွင် ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး မွေးကင်းစကလေးငယ်အပါအဝင် ၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့မှု ကို အမှုဖွင့်အရေး ယူ ထားကြောင်း မုတ္တမနယ်မြေရဲစခန်းမှ သိရသည်။ 

သြဂုတ် ၁၀ ရက်နေ့ ညနေ ၄နာရီအချိန်တွင် ပေါင်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း နောင်နောင် (၂၅ နှစ်)မောင်းနှင်သည့် Dong Feno Light အမျိုး အစားယာဉ်သည် လမ်းတစ်ဖက်မျက်နှာချင်းဆိုင်မှလာသည့် ယာဉ်မောင်း နေမျိုးသူ (၃၄နှစ်) မောင်းနှင်သည့် Daihatsu Hijet ယာဉ်ကို မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သည်။ 
ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အသက် ၆ ရက်သားအရွယ် မွေးကင်းစက လေးငယ်၊ မိခင်နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး လူ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ စုံစမ်းချက်အရ ယာဉ်မောင်းနောင်နောင်မှ သောက် ရေဗူး ကားကြမ်းပြင်အောက် ပြုတ်ကျသဖြင့် ငုံ့ကောက်နေစဉ် ခလောက်အင်းရပ်ကွက်မှ ကလေးမွေးလူနာကိုကြိုခဲ့သည့် ယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မုတ္တမနယ်မြေရဲစခန်းက ယာဉ် (ပ)၂၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။