ရန်ကုန်ဆေးရုံကြီးကင်ဆာကုသဆောင် ဓါတ်ရောင်ခြည်နှင့်ရောဂါ ရှာ ဖွေကုသရေး ဌာန မီးလောင်မှုဖြစ်

ရန်ကုန်ဆေးရုံကြီးကင်ဆာကုသဆောင် ဓါတ်ရောင်ခြည်နှင့်ရောဂါ ရှာ ဖွေကုသရေး ဌာန မီးလောင်မှုဖြစ်

ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ ကင်ဆာကုသဆောင်ရှိ ဓါတ်ရောင်ခြည်နှင့်ရောဂါ ရှာ ဖွေကုသရေးဌာနရှိ ပစ္စည်းအဟောင်းများထားရှိသည့် အခန်းအတွင်း ၀ါယာရှောခ့်ဖြစ်ပွားကာ  ယနေ့ သြဂုတ် ၁၃ ရက် ညပိုင်းတွင်မီးလောင်မှုဖြစ်ပွားခဲ့သည်။ 

ယနေ့ ညနေ ၆ နာရီ ၄၃ မိနစ်အချိန်ခန့်တွင် ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ ဓါတ်ရောင်ခြည်နှင့်ေ ရာဂါကုသ ရေးဌာနတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်ဦးစီးဌာနက ည ၆ နာရီ ၅၁ မိနစ် အချိန်ခန့်တွင် မီးလောင် ကျွမ်းမှု Level 2  အဖြစ်သတ်မှတ်ငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၀ မိနစ်အချိန် ခန့်တွင် မီးငြိမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာနကထုတ်ပြန်သည်။ 

'' မီးလောင်မှုဖြစ်တဲ့ အချိန်မှာ ကင်ဆာဌာနမှာရှိတဲ့ ဓါတ်ရောင်ခြည်စက်ပစ္စည်းတွေကို  မီးဘေး လွတ် တဲ့နေရာ ကို မီးသတ်တပ်ဖွဲ့ဝင်တွေ သယ်ထုတ်တာတွေတွေ့ရတယ်။ မီးခိုးငွေတွေ့များတဲ့အတွက် ကြောင့်မို့လို့ကင်ဆာဌာနမှာရှိတဲ့လူနာတွေကတော့မီးလောင်မှုဖြစ်ကတည်းကဆေးရုံကြီးဝန်းထဲမှာနေရာပြောင်းထားတယ်”ဟု နှလုံးရောဂါကုသဆောင်တွင်တက်ရောက်ကုသနေသူ၏လူနာစောင့်အဖြစ်ရှိ နေသူ မြောက်ဥက္ကလာပမြို့နယ်နေ မသန်းသန်းဆင့်က ပြောသည်။ 

မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်မီးများဖြတ်တောက်ခဲ့ခြင်းကြောင့် မီးငြှိမ်းသတ်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များက လက်နှိပ်ဓါတ်မီးနှင့်ဖုန်းမီးများအသုံးပြုခဲ့ရသည်။ ထို့အပြင် မီးငြိမ်းခဲ့သော်လည်း အခန်းတွင်း မီးခိုးများအူနေခြင်းကြောင့် မီးငြှိမ်းသတ်သည့် တပ်ဖွဲ့ဝင်များ အသက်ရှုကြပ်မှုမဖြစ်စေရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးခိုးငွေ့စုပ်ပန်ကာများအသုံးပြုခဲ့ရသည်။

" ဓါတ်ရောင်ခြည်ခန်းဖြစ်တဲ့ အတွက်ကြောင့် အထဲမှာ ဂက်စ်အိုးတွေ၊ အောက်ဆီဂျင်အိုးတွေရှိနိုင်တဲ့ အတွက် မီးလောင်မှုလွယ်ကူတယ်။ဘယ်ကစပြီးလောင်သလဲဆိုတာတော့တာဝန်ရှိသူတွေအ ဖြေရှာနေသေးတယ်။ မီးသတ်ကား ဆေးရုံဝင်းထဲကို ဝင်ဖို့ခက်တာကြောင့် အပြင်ကနေ ပိုက်တွေ နဲ့ သွယ်ပြီးမီးကြွင်းမီးကျန်တွေ ငြိမ်းသတ်နေရတယ်။ မီးခိုးငွေ့တွေအထဲမှာလှောင်နေတဲ့အတွက် လေစုပ် တဲ့ ပန်ကာတွေကို အသုံးပြုနေရတယ်” ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ဓါတ်ရောင်ခြည်ဌာနနှင့််နီးစပ်သည့်လူနာများကို ဘေးလွတ်ရာအခန်းများသို့ ပြောင်းရွှေ့ ခဲ့ခြင်းကြောင့် လူနာများထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ဆေးရုံမှ တာဝန်ရှိသူများ ကပြောသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး