ပလတ်စတစ် ဖြတ်စအိတ်များ တင်ဆောင်သည့် ယာဉ်တိမ်းမှောက်
သြဂုတ်လ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်ခန့်တွင် ပလတ်စတစ် ဖြတ်စအိတ်များတင်ဆောင်ကာနောင်ချိုမြို့မှ ကျောက်မဲဘက်သို့ မောင်းနှင်လာသည့် တွဲကားယာဉ်သည် ဂုတ်တွင်း ကုလားမကွေ့ (ခ)ဘောက်ဆာကွေ့တွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါရှိသည့် ပလတ်စတစ်အိတ်များပြုတ်ကျခဲ့ပြီး ယာဉ်လမ်း ကြောင်းပိတ်ဆို့ခဲ့သည်။ အဆိုပါယာဉ်လမ်းကြောပိတ်ဆို့မှုကို ကျောက်မဲအမှတ် ၁၂၀ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ သန်းခေါင်ကျော် သြဂုတ် ၁၄ ရက်နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ယာဉ်လမ်းကြောပြန်ပွင့်ခဲ့ကြောင်း ကုန်တင်ယာဉ် မောင်းနှင်သူများထံမှ သိရသည်။

















