မြောက်ဥက္ကလာပမြို့နယ်တွင် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိသူ ၄ ဦးကို သက်ဆိုင်ရာက သြဂုတ် ၁၃ ရက်တွင် အမှုဖွင့်အရေးယူထားသည်။
အဆိုပါနေ့ နံနက် ၃ နာရိီအချိန်တွင် မူးယစ်တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက္ကံမြို့သစ် (၁၄)ရပ်ကွက်၊မင်းခေါင်လမ်း၊ အမှတ်(၃၁၄) နေအိမ်ကို မူးယစ်ဆေးဝါးသတင်းအရ ဝင်ရှောက်ရှာဖွေခဲ့သည်။
အဆိုပါနေအိမ်တွင် ရဲဝင်းမော်(ခ)ဗန်ဒိမ်း၊ ဆန်းလင်း၊ ချစ်ဦးကို (ခ)လမင်းနှင့် ဟိန်းလင်းဝေ တို့(၄) ဦးကိုတွေ့ရှိရပြီး အိပ်ခန်းအတွင်းမှ WY စာတန်းပါလိမ္မော်ရောင် စိတ်ကြွရူး သွပ်ဆေးပြား (၁၂၇) ပြား၊ Ice အလေးချိန်(၄၀)ဂရမ်ခန့်၊ ဆန်လင်းဝတ်ဆင်ထားသော အင်္ကျီဝဲဘက်အိတ်ကပ်အတွင်းမှ Ice အလေးချိန်(ဝ.၁၀)ဂရမ်ခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၂)ပြား မူးယစ်ဆေးဝါး ရောင်းချရာမှ ရရှိသည့် ကျပ် ၄၄၂၀ဝ၀ နှင့် လက်ကိုင်ဖုန်း (၄) လုံး တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
၄င်းတို့ ရွှေပေါက္ကံနယ်မြေရဲစခန်းက မယ(ပ) ၁၂/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထား သည်။

















