ရထားလာစဉ် ရထားအောက်သို့ လူတစ်ဦး ဝမ်းလျားမှောက် ထိုးဆင်းသေဆုံး

ရထားလာစဉ် ရထားအောက်သို့ လူတစ်ဦး ဝမ်းလျားမှောက် ထိုးဆင်းသေဆုံး

အင်းစိန်မြို့နယ် ရွာမဘူတာ၌ ရထားလာစဉ် ရထားအောက်သို့ လူတစ်ဦး ဝမ်းလျားမှောက် ထိုး ဆင်းသေဆုံးခဲ့ကြောင်း သြဂုတ် ၁၃ ရက်က အင်းစိန်မြို့မရဲစခန်းမှ သိရသည်။ 

အဆိုပါနေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ် ရွာမဘူတာတွင် လူတစ်ဦး ရထားကြိတ်မိ သေဆုံးကြောင်း သတင်းအရ ဒုရဲမှူးကိုကိုထွေးနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းစစ်ဆေးချက်အရ နံနက် ၇ နာရီ မိနစ်၂၀ အချိန်ခန့်တွင် ဒညင်းကုန်းဘူတာမှ အင်းစိန်ဘက်သို့ ထွက်ခွာလာသည့် RBE 30.14 ခရမ်းမြို့ပတ်ရထားသည် ရွာမဘူတာအဝင် မိုင်တိုင်အမှတ် ၁၀/၁-၄ အရောက် ရထားပလက် ဖောင်းတွင် ငုတ်တုတ်ထိုင်နေသည့် အသက် ၃၅ နှစ်အရွယ်ခန့် နေရပ် (စိစစ်ဆဲ) အမျိုးသားတစ်ဦးက ရထားအောက်သို့ ဝမ်းလျားမှောက်ထိုးဆင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝမ်းလျားမှောက်ထိုးဆင်းခဲ့သဖြင့် ရထားကြိတ်မိပြီး ဦးခေါင်း/လည်ပင်းပြတ်ထွက်ဒဏ်ရာများရရှိသေဆုံးခဲ့ကြောင်း သိရသည်။ 
အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့အပ်ရာ ပီအာရ် ၁၀ ဖြင့်လက်ခံထားပြီး အင်းစိန်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၅၅/၁၈)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။