အဆိုတော် ရသနှင့်အပေါင်းအပါ ၂ ဦးတို့ကို ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ

အဆိုတော် ရသနှင့်အပေါင်းအပါ ၂ ဦးတို့ကို ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူဖမ်းမိ

အဆိုတော် ရသနှင့်အပေါင်းအပါ ၂ ဦးတို့ကို ဧည့်ရိပ်မွန်တစ်ခုတွင် မူးယစ်ဆေးဝါးများနှင့်အတူ သြဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အောင်ပင်လယ်နယ်မြေရဲစခန်း မှသိ ရသည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီချိန်တွင် ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် အောင်စေတနာလမ်း၊ ဧည့်ရိပ်မွန်၏ အခန်းတစ်ခုအတွင်း ၄င်းတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

'' မူးယစ်တပ်ဖွဲ့စု (၁၈ )နဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ က အဆိုပါတော် ရသနဲ့ သူမိတ်ဆွေ ၂ ဦးကို သတင်း အရ ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်"ဟု အောင်ပင်လယ်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြော သည်။

အဆိုပါဧည့်ရိပ်မွန်၏ အခန်းအမှတ်(၂၀၃/၂၀၅)တွင် ရဲမင်းသိန်း(ခ) ရသ (၃၅ နှစ်)၊ မျိုးတင့်(၂၆ နှစ်)နှင့် ခေမီ(ခ) ဗာတားမီး (၂၀ နှစ်)တို့ ၃ ဦးကို မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၄င်းတို့ အိပ်ရာ ကုတင်ဘေးရှိ စားပွဲခုံပေါ်မှ အအေးစုပ်ပိုက်ဖြင့်ထည့်သွင်း ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား လိမ္မော်ရောင်ဆေးပြား ၉၅ ပြား၊ အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ် လိမ္မော်ရောင်စိတ်ကြွဆေးပြား ၁၅၆၀ ပြား စုစုပေါင်းဆေးပြား ၁၆၅၅ ပြား ကျပ် ၄၅၆၅ ဝ၀ဝ ဖိုးခန့်ကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

၄င်းတို့ကို စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို သုံးစွဲရန်နှင့်ဖြန့်ဖြူရောင်းချရန်အတွက် အတွက် ကျောက်မဲမြို့နေ သားကြီးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

အောင်ပင်လယ်နယ်မြေရဲစခန်းမှ (ပ)၁၁/၁၈၊ မူး/စိတ်ပုဒ်မ-၁၉ (က)/၂၁ အရ အမှုဖွင့်အရေး ယူထားသည်။