လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် ယာဉ်တစ်စီးမီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ပြီး ကျပ်သိန်း ၃၂၀ ဖိုးခန့် ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှသိရသည်။
သြဂုတ် ၁၄ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်က ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးပေါ်တွင် မိုင်တိုင် အမှတ် (၁၀/၂-၃)ကြားတွင်ယာဉ်တစ်စီးတိမ်းမှောက်၍ မီးလောင်မှုဖြစ် ပွားခဲ့ကြောင်းသတင်းအရ အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်သန်းဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေရာတွင် KLUGER (အဖြူရောင်)ယာဉ် တိမ်းမှောက်မီးလောင်မှုဖြစ်ပွားနေသည်ကိုတွေ့ရပြီး အမြန်လမ်းမီး သတ်တပ်ဖွဲ့မှ လက်ထောက်ဦးစီးမှူးငြိမ်းချမ်းနှင့်အဖွဲ့ဝင်များက မီးငြိမ်းသတ်နေသည်ကို တွေ့ရှိခဲ့သည်။
ယာဉ်မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းချက်အရ တာမွေမြို့နယ် မအူကုန်းရပ်ကွက်နေ ယာဉ်မောင်း ဇော်နိုင်ဦး (၂၅ နှစ်)ပါ တစ်ဦးတို့ မောင်းနှင်လိုက်ပါခဲ့ပြီး ပဲခူးမြို့မှ ရန်ကုန်သို့ ပြန်လာစဉ် အဆိုပါနေရာ အရောက် ယာဉ်မှာလမ်း၏ဝဲဘက်သို့ဆွဲ၍ လမ်းလယ်ကျွန်းပေါ် ရောက်ရှိ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့်် ယာဉ်၏ဦး ခေါင်းပိုင်း မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယာဉ်ပေးတွင်လိုက် ပါလာသည့် ယာဉ်မောင်းပါအမျိုးသားနှစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်းသိရသည်။ သက် ဆိုင်ရာက ယာဉ်တစ်စီးလုံးမီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ကျပ်သိန်း ၃၂၀ ဖိုးဆုံးရှုံးခဲ့ကြောင်း တွက်ချက် ခဲ့သည်။
ယာဉ်မီးလောင်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ဇော်နိုင်ဦး ကို အမှတ် ၃ လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားသည်။

















