အဲကွန်းတပ်ဆင်သူ အမိုးပေါ်မှ ပြုတ်ကျသေဆုံး

အဲကွန်းတပ်ဆင်သူ အမိုးပေါ်မှ ပြုတ်ကျသေဆုံး

မှော်ဘီစက်မှုဇုန်တွင် အဲကွန်းတပ်ဆင်သူတစ်ဦး အမိုးပေါ်မှ ပြုတ်ကျသေဆုံးခဲ့မှုကို သက် ဆိုင်ရာက သြဂုတ် ၁၄ ရက်တွင် အမှုဖွင့်ထားသည်။ 

အဆိုပါနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန် ပလတ် စတစ်၊ချည်မျှင်နှင့် အထည်စက်ရုံ အမိုးပေါ်မှ လူတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ပွားကြောင်း သတင်းအရ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြွယ်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ သင်္ဃန်းကျွန်းမြို့နယ်နေ ၄၈ နှစ်အရွယ်အမျိုးသားဖြစ်ပြီး အဲကွန်းပြုပြင်တပ်ဆင်ရေးလုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။ ၄င်းသည် စက်ရုံအမိုးပေါ်တက်၍ ၃ လွှာရှိစက်ပစ္စည်းများထားရှိသည့် အခန်းကို အဲကွန်းတပ်ဆင်ရန် အတွက် ဝန်ထမ်း ၃ ဦးနှင့်အတူ အဲကွန်းအောက်ဒိုးကိုယူဆောင်ကာ တက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်စဉ် ၄င်းနင်းထားသည့် အမိုးအုပ်ကျွတ်ပြားကျိုးပဲ့၍ အမြင့်ပေ ၄၀ ခန့်မှ ကွန်ကရစ်ကြမ်းခင်းပေါ်သို့ ပြုတ်ကျကာ ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ ဝဲ/ယာခြေထောက်ကျိုးဒဏ်ရာများရရှိသေဆုံးခဲ့သည်။ အလောင်းကို မှော်ဘီဆေးရုံသို့ပို့အပ်ခဲ့ပြီး မှော်ဘီမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် (၂၉/၁၈)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။