ကျောက်တန်းမြို့နယ်တွင် တရားခံပြေးတစ်ဦးကို သတင်းအရ ဖမ်းဆီးစဉ် ဓားဦးချွန် ၂ လက်သိမ်းဆည်းရမိခဲ့မှု သြဂုတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၃ နာရီအချိန်ခန့်တွင် ကျောက်တန်းမြို့နယ်တရားရုံး၊ရာဇဝတ်ထွေမှု အမှတ်-၇၂/၂၀၁၇၊ပုဒ်မ-၄၅၂/၅၀၆/၃၅၄အမှုဖြင့် တရားရုံးမှ တရားခံပြေးကြေညာထားသူ ကျောက်တန်း မြို့နယ် ညောင်ဝိုင်းကျေးရွာနေ ဖိုးချမ်း(ခ)ချမ်းမိုး(၂၃ နှစ်)သည် ကျောက်တန်းမြို့ ရွှေကုန်းရပ်ကွက်တွင်ရောက်ရှိနေကြောင်းသတင်းအရ ဒုရဲအုပ်ရဲမင်းထက် နှင့်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးစဉ် ဖိုးချမ်း(ခ)ချမ်းမိုးသည် ကန်ဦးလမ်းဘက်မှဆိုင်ကယ်ဖြင့် ထွက်လာသည်ကိုတွေ့သဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။ ၎င်း၏ခါးကြားအတွင်းမှအရိုးအသွား(၁၅)လက်မခန့်ရှိ စတီးဓားဦးချွန်(၁)ချောင်း၊ဆိုင်ကယ်ရှေ့ တွင် ညှပ်ထားသည့်အရိုးအသွား(၁၉)လက်မခန့်ရှိ ငါးမန်းဆွယ်ပါ စတီးဓားဦးချွန်(၁)ချောင်းတို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကျောက်တန်းမြို့မရဲစခန်းက(ပ)၃၂၆/၁၈ ၊ပုဒ်မ-၁၉(င)အရ ထပ်မံ အမှုဖွင့် အရေးယူထားသည်။

















