အဆောင်တစ်ခု၏ အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားနှင့် ဓါးရှည် ၂ သိမ်းဆည်းရမိ

အဆောင်တစ်ခု၏ အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားနှင့် ဓါးရှည် ၂ သိမ်းဆည်းရမိ

လှိုင်သာယာမြို့နယ်ရှိ အဆောင်တစ်ခု၏ နေအိမ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားနှင့် ဓါးရှည် ၂ လက် ကို သက်ဆိုင်ရာက သြဂုတ် ၁၅ ရက်နေ့က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ၁၉ ရပ် ကွက်၊ ဓညဝတီလမ်း နှင့် ဗေဒါဝတီလမ်းထောင့်ရှိအဆောင်တစ်ခု၏ အခန်း (၆)တွင်မူးယစ် ဆေးဝါး သတင်းအရ သက်ဆိုင် ရာပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေစဉ် အဆိုပါအခန်းတွင်နေထိုင်သည့် ကိုပု(ခ)စိန်ကုလားကို လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ပြား၊ ငွေစက္ကူရောရာ ၂၁၀ဝ၀ ကျပ်၊ ဓားရှည်(၂)လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

၄င်းကို စစ်ဆေးချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို (၁၉) ရပ်ကွက်နေ ဇော်ဝမ်း (စုံစမ်းဆဲ)ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ကိုပု(ခ)စိန်ကုလား နှင့် ဇော်ဝမ်း (စုံစမ်းဆဲ) တို့ ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

လှိုင်သာယာမြို့မရဲစခန်း မယ(ပ)၅၁/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူခဲ့ကြောင်းသိရသည်။