သာစည်မြို့နယ်တွင် ခရီးသည်တင်ယာဉ်ဖြင့်လိုက်ပါလာသူ အမျိုးသားထံမှ ကျပ်သိန်း ၂၄၀ တန်ဖိုးရှိ မူးယစ်ဆေးပြားများ ကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၁၄ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာ သော်တာ ဝင်းတိုးဂိတ်အနီးတွင် မူယစ်ဆေးဝါးသတင်းအရ (၁၈) မူးယစ်တပ်ဖွဲ့စု (မန္တလေးတောင်ပိုင်း) ရဲအုပ်ခွန်အောင် ကိုကိုသာစည်မြို့နယ်ရဲစခန်းမှရဲအုပ် ထွန်းနိုင်ရွှေ တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ဝင်များသည် ယာဉ်မောင်းတင်မိုးလွင်မောင်းနှင်လာသည့် "အောင်လံမိုး" ခရီးသည်တင်ယာဉ် HIGAE အမျိုးအစားခဲရောင် ယာဉ်ကို စစ်ဆေးခဲ့သည်။
ယာဉ်ပေါ်ရှိ ထိုင်ခုံအမှတ် A တွင် စီနှင်းလိုက်ပါလာသူ သဲကုန်းမြို့နယ် နောကုန်းကျေးရွာနေသူ သန်းမင်းထွဋ်(ခ) သန်းမင်း (၄၀)နှစ်သယ်ယူလာသည့် စက္ကူဂျပ်ဖာအတွင်း အကြည်ရောင် ကျွတ် ကျွတ်အိတ်ဖြင့်ထုတ်ထားသည့် ဆီတိုဟူးအိတ်အတွင်း သိုဝှက်ထားသော WY စာတမ်းပါ လိမ္မော် ရောင်ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀ဝ၀ ပြားခန့် ကျပ်သိန်း ၂၄၀ ဖိုးခန့်ကို သိမ်းဆည်း ခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။
သာစည်မြို့မရဲစခန်းက မယ(ပ)၁၂/၁၈မူးစိတ်ပုဒ်မ၁၉(က) အရ အမှုဖွင့်အရေးယူထားသည်။

















