ဖဲလောင်းကစားပြုလုပ်နေသူ ၁၃ ဦးကို ကျပ် ၁၃ သိန်းကျော်နှင့် ဆိုင်ကယ် (၅)စီးနှင့်မော်တော်ယာဉ် ၂ စီးတို့နှင့်အတူဖမ်းမိ

ဖဲလောင်းကစားပြုလုပ်နေသူ ၁၃ ဦးကို ကျပ် ၁၃ သိန်းကျော်နှင့် ဆိုင်ကယ် (၅)စီးနှင့်မော်တော်ယာဉ် ၂ စီးတို့နှင့်အတူဖမ်းမိ

မော်လမြိုင်မြို့နယ်တွင် ဖဲလောင်းကစားပြုလုပ်နေသူ ၁၃ ဦးကို ကျပ် ၁၃ သိန်းကျော်နှင့် ဆိုင်ကယ် (၅)စီးနှင့်မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ သြဂုတ် ၁၅ ရက်နေ့ က သက်ဆိုင်ရာက ဝင်ရော က်ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ခြံကြီးစုရပ်၊ အမှတ်(မရှိ)နေ ဒေါ်စန္ဒာဝင်း(၄၇)နှစ်၏ နေအိမ်တွင် လောင်းကစားမှုပြုလုပ် နေကြောင်း သတင်းအရ မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲအုပ် ကျော်ဆန်း ခရိုင်မှုခင်း နှိမ်နင်း ရေးအဖွဲ့မှ ရဲအုပ်ဇော်ဝင်းအောင်နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ ဝင်များသည် သက် သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်တွင် ဒေါ်စန္ဒာဝင်းနှင့်အတူ စိုးသွင်(၃၈ နှစ်)၊ ကျော်ဦး (၂၁နှစ်)နှင့် တင်ရွှေ(ခ) ဘရွှေ(၄၂နှစ်)၊ နိုင်ဦး(၅၃နှစ်)၊ ကိုကို(၁၈နှစ်)၊ ရဲဖြိုး(၂၃နှစ်) မမြင့်မြင့်ဝင်း(၃၇နှစ်)၊ ဒေါ်ငွေထွန်း (၅၄နှစ်)၊တင်နွယ်(၄၂နှစ်)၊ ဒေါ်သိန်းအေး၊ (၅၈နှစ်) နှင့် ဒေါ်ငွေမြှား(၃၉နှစ်) တို့ကို ဖဲရိုက်လောင်း ကစားပြု လုပ်နေ စဉ်ဖမ်းဆီးရမိခဲ့သည်။

လောင်းကစားပြုလုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူရောရာ ၁၃၂၅၀ဝ၀ ကျပ်နှင့်အိမ်အပြင်တွင်ရပ်တန့်ထားသော ဆိုင်ကယ်(၅)စီး၊ မော်တော်ယာဉ် (၂)စီးတို့အားတွေ့ရှိ သိမ်း ဆည်းရမိခဲ့သောကြောင့် ဒေါ်စန္ဒာဝင်းပါ(၁၃)ဦးတို့ကို အရေးယူပေးရန်ရဲအုပ် ကျော်ဆန်းက တိုင် ကြားခဲ့သည်။ မုပွန်နယ်မြေရဲစခန်း(ပ)၆၆၇/၁၈၊ လောင်းကစားဥပဒေပုဒ်မ- ၁၃(က)/၁၄(က)အရ အမှုဖွင့်အရေးယူ ထားသည်။