အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပလျက်ရှိသည့် အာရှအားကစားပွဲတော်၏ အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စု(စ)ပွဲစဉ်များကို သြဂုတ် ၁၅ရက်က စတင်ကျင်းပခဲ့ရာ မြန်မာစံတော်ချိန်ညနေ ၆ နာရီခွဲက ဝီဘဝမှုကစ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာယူ-၂၃နှင့် မြောက်ကိုရီးယားယူ-၂၃ ပွဲစဉ်မှာ တစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။
မြန်မာအသင်းသည် ပွဲထွက်စာရင်း၌ ကျော်ဇင်ထက် (ဂိုး)၊ ဇော်မင်းထွန်း၊ အောင်သူ၊ မောင်မောင်လွင်၊ မောင်မောင်စိုး၊ လှိုင်းဘိုဘို စသည့် အမာခံကစားသမားများဖြင့် ပွဲထွက် ခဲ့သည်။မြောက်ကိုရီးယားအသင်းမှာ ပွဲစသည်နှင့် မြန်မာအသင်းဘက်သို့ ဖိအားပေးတိုက်စစ် ဆင်နိုင်ခဲ့သော်လည်း နောက်တန်းနှင့် ဂိုးသမား တို့ ကာကွယ်နိုင်ခဲ့သည်။ပွဲချိန်၄၄မိနစ်တွင် အောင်သူဖန်တီးပေးမှုမှတစ်ဆင့် မောင်မောင် လွင် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
ကျေနပ်ခဲ့ကြရ
ဒုတိယပိုင်းတွင် မြောက်ကိုရီးယားက ပိုမို တိုက်စစ်ဆင်လာခဲ့ပြီး ပွဲချိန် ၅၉ မိနစ်တွင် ဖြတ်တင်ဘောမှတစ်ဆင့် မြောက်ကိုရီးယား ချေပဂိုးရရှိခဲ့သည်။ထို့နောက် နှစ်သင်းစလုံး ဦးဆောင်ဂိုးထပ်မံရရန် အခွင့်အရေးကိုယ်စီ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ ပွဲအပြီးတွင် တစ်ဂိုးစီသရေ ရလဒ်ဖြင့် ကျေနပ်ခဲ့ကြသည်။
အစောပိုင်းပွဲစဉ်အဖြစ် ဆော်ဒီအာရေ ဗျနှင့် အီရန်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ ဂိုးမရှိ သရေကျခဲ့သည်။ မြန်မာယူ-၂၃အသင်းသည် ဒုတိယပွဲစဉ်အဖြစ် သြဂုတ်၁၇ရက် မြန်မာ စံတော်ချိန် ည ၆ နာရီခွဲတွင် ဆော်ဒီအာရေဗျ နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။















