မူးယစ်ဆေးဝါးများနှင့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုသုံးစွဲဖြန့်ဖြူးသူ ၄ ဦးကို သက်ဆိုင်ရာက ဖမ်းမိ

မူးယစ်ဆေးဝါးများနှင့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုသုံးစွဲဖြန့်ဖြူးသူ ၄ ဦးကို သက်ဆိုင်ရာက ဖမ်းမိ

ရွှေဘိုခရိုင် ရေဦးမြို့ပေါ်တွင် မူးယစ်ဆေးဝါးများနှင့် ကျပ်တစ်သောင်းတန်ငွေစက္ကူအတု အရွှက် ၅၀ တို့နှင့်အတူ သုံးစွဲသူ ၄ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ရေဦး မြို့ နယ်ရဲစခန်းမှ သိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အောင်ချမ်းသာရပ်ကွက်နေ ဖိုးထောင်(ခ) မျိုးမင်းထွန်း (၃၃ နှစ်)နေအိမ်တွင် မူးယစ်ဆေးစိတ်ကြွဆေးပြားနှင့် ငွေစက္ကူသုံးစွဲဖြန့်ဖြူးနေကြောင်သတင်းအရ ခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့ခေါင်းဆောင်ရဲအုပ်ခင်မောင်ဦး၊ ရေဦးမြို့မရဲစခန်းမှ ယာယီစခန်းမှူးရဲအုပ်သက် ဆွေတို့နှင့့်အတူ သြဂုတ် ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါနေအိမ်တွင် ဖိုးထောင်(ခ)မျိုးမင်းထွန်း နှင့်အတူ အောင်နိုင်(ခ) အောင်နိုင်ဌေး ၃၉ နှစ် ၊ ဇော်ရဲအောင် ၂၄ နှစ် တို့တွေ့ရှိပြီး နေအိမ်ခန်းအတွင်းဘိန်းဖြူများထည့်ထားသည့် ဆပ်ပြာခွက် ၃ ခွက်၊ လစ်ပိုပလင်းဖြင့်ထည့်ထားသည့် ပန်းရောင်စိတ်ကြွဆေးပြား ၁၈၂ ပြားပါ ၂ ထုပ်၊ဆေးလိပ်ဗူးခွံ အတွင်း ကောင်းကြိုက်အမှတ်တံဆိပ်ပလပ်စတစ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ပန်းရောင် ဆေးပြား(၅၀)ပြား၊ ဆေးလိပ်ဗူး ၁ ဗူးနှင့် မူးယစ်ဆေးဝါးရောင်းချရာတွင်ရရှိသည်ဟုယူဆရသည့် ကျပ် ၁၀ သိန်း ၊ လက်ကိုင်ဖုန်းတစ်လုံး၊ ရောင်စုံဂက်စ်မီးခြစ် ၈ လုံး၊ ခဲပြားလိပ် ၁ လိပ်၊ ဆေးပြားရှုရှိုက်သည့် ဖန်လုံးတစ်လုံး၊ ရောင်စုံအအေးပိုက် (၁၅) ချောင်း၊ အစိမ်းရောင် ချည်လွယ်အိတ် ၁ လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသို့သိမ်းဆည်းနေစဉ် ဖိုးထောင်(ခ) မျိုးမင်းထွန်းထံမှ တစ်သောင်းတန်ငွေစက္ကူအတု အရွက် (၅၀) တို့ကို ထပ်မံသိမ်းဆည်းခဲ့သည်။

၄င်းမူးယစ်ဆေးပြားများကို ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုကျေးရွာနေ သီဟဇော် ၂၇ နှစ်မှ ကလာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် ဆက်လက်ဖမ်းဆီးခဲ့ပြီး ကျန်ကွင်းဆက်တရားခံ များကို ဆက်လက်ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။