သိန်း ၁၁၀ဝ၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ အဝေးပြေးကားဝင်းအတွင်းဖမ်းမိ

သိန်း ၁၁၀ဝ၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ အဝေးပြေးကားဝင်းအတွင်းဖမ်းမိ

လားရှိုးမြို့ ကားဝင်းအတွင်း လာရောက်အပ်နှံထားသည့် ခရီးဆောင်အိတ် ၃ လုံးအတွင်းမှ ကျပ် သိန်း ၁၁၀ဝ၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သက်ဆိုင်ရာက သြဂုတ် ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် လားရှိုးအဝေးပြေးကားဝင်း(နားမ)ရှိ ရာဇာမင်း ကားဂိတ် တွင် အပ်နှံထားသည့် ခရီးဆောင်အိတ် ၃ လုံးကို မသင်္ကာဖွယ်တွေ့ရသည့် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်နိုင် နှင့်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။

အဆိုပါ ခရီးဆောင်အိတ် ၃ လုံးအတွင်း မိုင်းခံစက္ကူဖြင့်ထုတ် မိုင်းခံစက္ကူများဖြင့်အထုပ်ငယ်များခွဲ၍ ထုပ်ပိုးထားသည့်ဆေးပြား ၅၈၅၀ဝ၀ ပြား ကာလတန်ဖိုး (၁၁၇၀ဝ၀ဝ၀ဝ၀)ကျပ်ခန့် (ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင် ခုနှစ်ရာ) ကိိုတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ခရီးဆောင်အိတ်များကို ရာဇာမင်း ကားဂိတ်သို့ လူငယ် ၃ ဦးကလာရောက်အပ်နှံခဲ့ခြင်း ဖြစ်ကြောင်း စီစီတီဗီမှတ်တမ်းများအရ အိတ်များလာရောက်အပ်နှံခဲ့သူ မိုင်းရှုးမြို့နေ ဂျီမေ (၂၀နှစ်) ကျအီ (၂၆ နှစ်) ၊ကျာဖေ (၁၆ နှစ်)တို့ကို လားရှိုးမြို့မရဲစခန်းက မူးယစ်ဆေးဝါးဥပဒေပုဒ်မများဖြင့် အသီးသီး အမှုဖွင့်အရေးယူထားသည်။