အထောက်အထားမဲ့ ခိုးဝင်လာသူ လေးဦးအား အခကြေးငွေယူ ခေါ်လာသူများကို သက်ဆိုင်ရာက အမှုဖွင့်

အထောက်အထားမဲ့ ခိုးဝင်လာသူ လေးဦးအား အခကြေးငွေယူ ခေါ်လာသူများကို သက်ဆိုင်ရာက အမှုဖွင့်

ရေကြည်မြို့နယ်ရှိ စစ်ဆေးရေးဂိတ်တွင် တွေ့ရှိခဲသည့် အထောက်အထားမဲ့ ခိုးဝင်လာသူ လေးဦးအား အခကြေးငွေယူ၍ ခေါ်လာသည်ဆိုသူ လေးဦးကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ကုန်းပြင်နယ်မြေရဲစခန်းမှ သြဂုတ် ၁၈ ရက်က သိရသည်။

ဩဂုတ် ၁၆ ရက် နံနက် ၄ နာရီခွဲအချိန်က ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်တွင်  ဂွမြို့ ဘက်မှ ငါးသိုင်းချောင်းမြို့ဘက်သို့ ကျောက်ဖြူမြို့နယ်နေ ကျော်မင်းမောင်းနှင်ပြီး ကျောက်ဖြူမြို့နယ်၊ မျှင်ချောင်းကျေးရွာနေ ယာဉ်နောက်လိုက် ခင်မောင်စိုးလိုက်ပါလော Bongo ယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။

အဆိုပါယာဉ်ပေါ်တွင်  ကျောက်တော်မြို့နယ် ရွာညာကျေးရွာနေ ဇီရာဘူရာမောက်(၂၇)နှစ်ပါအထောက်အထားမဲ့ ခိုးဝင်လာသူ လေးဦးကို တွေ့ရှိခဲ့သဖြင့်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လွှဲပြောင်း ထားရှိခဲ့သည်။

၄င်းတို့ကို ခေါ်ယူလာသည့် ကျော်မင်း နှင့် ခင်မောင်စိုးတို့ကို စစ်ဆေးခဲ့ရာ ကျောက်တော်မြို့နယ်၊ ဘုတလင်ကျေးရွာမှ သာကေတမြို့နယ်၊ (၆)ရပ်ကွက်နေ ဒေါ်အေးသောင်း(ခ)မိမိ(ခ)အကြိုင်ထံ ကျပ် ၁၁ သိန်းဖြင့် ပို့ဆောင်ရန်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

သက်ဆိုင်ရာ၏ပူးပေါင်းချိတ်ဆက်မှုဖြင့် ဒေါ်အေးသောင်း(ခ)မိမိ(ခ)အကြိုင်နှင့် မြင့်ရွှေ(ခ) နေမင်းဇော် ငလပွေ့ကျေးရွာ ကျောက်ဖြူမြို့နယ်နေသူတို့ကို ဂွမြို့ဗေဒါစစ်ဆေးရေးဂိတ်၌ အထောက်အထားမဲ့ ခိုးဝင်လာသူသုံး ဦးအား တင်ဆောင်လာသည့် ယာဉ်နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

ကုန်းပြင်နယ်မြေရဲစခန်း(ပ)၉၀/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၁၁၄ အရ အမှုဖွင့် အရေးယူထားသည်။