မူလတန်းကျောင်းသူကို အကြိမ်ကြိမ်သားမယားပြုကျင့်ရန် အားထုတ်မှုဖြင့် အသက် ၇၀ အရွယ် အမျိုးသားကို ဖမ်းဆီး

မူလတန်းကျောင်းသူကို အကြိမ်ကြိမ်သားမယားပြုကျင့်ရန် အားထုတ်မှုဖြင့် အသက် ၇၀ အရွယ် အမျိုးသားကို ဖမ်းဆီး

တောင်တွင်းကြီးမြို့နယ်တွင်  မူလတန်းကျောင်းသူကို အကြိမ်ကြိမ်သားမယားပြုကျင့်ရန် အားထုတ်မှုဖြင့် အသက် ၇၀ အရွယ် အမျိုးသားကို တောင်တွင်း ကြီးမြို့မရဲစခန်းက သြဂုတ် ၁၇ ရက်တွင် ဖမ်းဆီး အမှုဖွင့်ခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်တွင် တောင်တွင်းကြီးမြို့နယ် မောင်းတိုင်(၂)ရပ်ကွက် တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၇၀ အရွယ် အမျိုးသားက သားမယားပြုကျင့်ကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မြို့ မရဲစခန်းမှ  တပ်ဖွဲ့ဝင်များက သွားရောက်စစ် ဆေးခဲ့ သည်။

စုံစမ်းချက်အရ တိုင်ကြားသူ အမျိုးသမီးနေအိမ်တွင်ရှိနေစဉ် အသက် ၈ နှစ်အရွယ် သမီးငယ် တက်ရောက်နေသည့် မူလတန်းလွန်ကျောင်း၏ အတန်းပိုင်ဆရာမက ခေါ်သဖြင့် သွားရောက် ခဲ့သည်။

ဆရာမဖြစ်သူက နေ့လယ်ထမင်းစားကျောင်းဆင်းချိန်၌ တိုင်ကြားသူ၏ သမီးငယ်ကို ကျောင်းဝန်း အနီးမှအမည်မသိ ဘကြီးတစ်ဦးနှင့်လိုက်သွားသည်ကို အတန်းဖော်သူငယ်ချင်းများက တွေ့မြင်ခဲ့ကြောင်း ဆရာမ၏ ပြောပြချက်အရသိရသည်။

သမီးဖြစ်သူကို မေးရာ နေ့လယ်ထမင်းစားကျောင်းဆင်းချိန်တွင် အဘွားဖြစ်သူ နေအိမ်သို့ ထမင်းချိုင့် သွားပို့စဉ် အမည်မသိ ဘကြီးတစ်ဦးနှင့်တွေ့ရှိခဲ့ကြောင်း၊ ၄င်း၏ နေအိမ်သို့ခေါ်သွားခဲ့ပြီး ကျပ် ၂၅၀ ပေးကာ သားမယားပြုကျင့်ရန် အားထုတ်ခဲ့ကြောင်း၊ လွန်ခဲ့သော ရက်/လ (မမှတ်မိ)နေ့များတွင် လည်း ဘကြီးက ယင်းနေအိမ်တွင် ထိုကဲ့သို့ (၄)ကြိမ်ခန့် ပြုလုပ်ခဲ့ဖူးကြောင်း ပြောပြ ချက်အရသိရသဖြင့် ဘကြီးဆိုသူကို စုံစမ်းခဲ့ရာ တစ်ရပ်ကွက်တည်းနေ အသက် ၇၀ အရွယ် ဦးစန်းတင့် ဖြစ်ကြောင်းသိရသဖြင့်အရေးယူပေးရန် တိုင်ကြားခဲ့သည်။

တောင်တွင်းကြီးမြို့ မရဲစခန်းက(ပ)၂၆၇/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ အရ ဖမ်းဆီးခဲ့သည်။