ရပ်ထားသည့် ကွန်တင်နာယာဉ်ကို ၁၂ ဘီးယာဉ်ဝင်တိုက်
တောင်ငူမြို့ ကြံတောကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ရပ်ထားသော ကွန်တိန်နာယာဉ်ကို မုန့်များတင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ်က ဝင်တိုက်မိခဲ့မှု သြဂုတ်လ ၁၉ ရက် နံနက် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ယာဉ် ၂ စီးနှင့် ကုန်များပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာ သူများ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

















