အီရန်ကို အနိုင်ရခဲ့သော်လည်း အုပ်စုအဆင့်ဖြင့် မြန်မာအသင်း ကျေနပ်ခဲ့ရ

အီရန်ကို အနိုင်ရခဲ့သော်လည်း အုပ်စုအဆင့်ဖြင့် မြန်မာအသင်း ကျေနပ်ခဲ့ရ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် အာရှအားကစားပွဲတော်၏ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(စ)နောက်ဆုံးပွဲစဉ်များကို သြဂုတ် ၂ဝရက်က ကျင်းပခဲ့ရာ မြန်မာစံတော်ချိန် ညနေ ၃နာရီခွဲက ယှဉ်ပြိုင်ခဲ့သည့်  မြန်မာနှင့် အီရန်အသင်းပွဲစဉ်တွင် နှစ်ဂိုး ဂိုးမရှိဖြင့် မြန်မာအသင်း အနိုင်ရရှိခဲ့သည်။

တိုက်စစ်ဖွင့်

အီရန်အသင်းနှင့်ပွဲစဉ်တွင် မြန်မာအသင်း၏ အဓိကနောက်ခံလူ ဇော်မင်းထွန်းမှာ ဒဏ်ရာကြောင့် ပါဝင်လာခဲ့ခြင်းမရှိခဲ့ပေ။ မြန်မာအသင်းမှာ ယခုပွဲစဉ်ကို ဂိုးပြတ်အနိုင်ရရှိမှသာ အုပ်စုတတိယအကောင်းဆုံးဖြင့် နောက်တစ်ဆင့်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်၍ ပွဲစသည်နှင့် တိုက်စစ်ဖွင့်ကစားခဲ့သည်။  

ဒုတိယပိုင်း ပွဲချိန် ၅၅မိနစ်နှင့် ၆၈မိနစ်တွင် လွင်မိုးအောင်နှင့် ထက်ဖြိုးဝေတို့၏ ဂိုးများဖြင့် မြန်မာအသင်း ဦးဆောင်နေခဲ့သည်။ မြန်မာအသင်းမှာ သုံးဂိုးပြတ်ဖြင့် အီရန်အသင်းကို အနိုင်ရပါက နောက်တစ်ဆင့်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်၍ တိုက်စစ်မြှင့်တင်ကစားခဲ့သော်လည်း အီရန်တစ်သင်းလုံးက ခံစစ်ပိတ်ဆို့ကစားခဲ့၍ နှစ်ဂိုး ဂိုးမရှိ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

ကျေနပ်ခဲ့ရ

အုပ်စု(စ)အသင်းလေးသင်းစလုံး ရမှတ်လေးမှတ်စီတူညီနေသော်လည်း ရဂိုးတစ်ဂိုးအသာဖြင့် အီရန်အသင်းက အုပ်စုပထမ၊မြောက်ကိုရီးယားနှင့် ဆော်ဒီအသင်းမှာ ဂိုးကွာခြားချက်တူညီသော်လည်း မြောက်ကိုရီးယားက ထိပ်တိုုက်တွေ့ဆုံမှု၌ ဆော်ဒီအသင်းကို အနိုင်ရခဲ့၍ အုပ်စုဒုတိယ၊ဆော်ဒီအသင်းက အုပ်စုတတိယ ရရှိခဲ့သည်။ မြန်မာအသင်းမှာ ရမှတ်လေးမှတ်ရရှိခဲ့သော်လည်း ဂိုးကွာခြားချက်အရ အနုတ်တစ်ဖြစ်ခဲ့၍ အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

                           



ဖတ်ရှုမှုအများဆုံး