ဆိုလာပြားနှင့်တွဲထားသည့်ဘက်ထရီအိုးပေါက်ကွဲ အသက် ၁၄ နှစ် အရွယ် ကလေးတစ်ဦးသေဆုံး
ခန္တီးမြို့နယ်တွင် ဆိုလာပြားနှင့်တွဲထားသည့် ဘက်ထရီအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၁၄ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့မှု သြဂုတ် ၁၉ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၈ နာရီအချိန် ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာနေ အမျိုးသားကြီး၏နေအိမ်၌ 1000 W ဆိုလာပြားနှင့် ၁၂ ဗို့ ဘက်ထရီအိုးတို့ ဆက်သွယ်မီးထွန်းထားစဉ် အပူလွန်ကဲပြီး ဘက်ထရီအိုး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါပေါက်ကွဲမှုနှင့်အတူ အိမ်ခေါင်မိုးသွပ်ပြား(၁၅)ချပ်ခန့်လန်ထွက်၍ ခြင်းနှင့်ဘက်ထရီအိုးအောက်ကြမ်းခင်းပွင့်ထွက်ကာ အဆိုပါ အမျိုးသား၏တူဖြစ်သူ ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာနေ နေလင်းအောင်(၁၄)နှစ်ကိုထိမှန်ခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။
ခန္တီးမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်အရေးယူထားသည်။
















