ကျပ်သိန်း ၉၀ကျော်ဖိုးရှိ သင်းခွေချပ်အခွံများနှင့်အတူ တွေ့ရှိရသူ အရေးယူခံရ

ကျပ်သိန်း ၉၀ကျော်ဖိုးရှိ သင်းခွေချပ်အခွံများနှင့်အတူ တွေ့ရှိရသူ အရေးယူခံရ

ချင်းပြည်နယ်တွင် ကျပ် ၉၃ သိန်းတန်ဖိုးရှိ သင်းခွေချပ်အခွံများနှင့်အတူ ဖမ်းဆီးရမိခဲ့သူကို အမှုဖွင့်အရေးယူခဲ့ကြောင်း သြဂုတ် ၂၀ ရက်နေ့က ရိခ်ခေါဒါရ်နယ်မြေရဲစခန်းမှ သိရသည်။

ချင်းပြည်နယ် ရိဒ်ခေါဒါရ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၃ နာရီ ၄၅ မိနစ်အချိန်က ရိဒ်ခေါဒါရ်မြို့ အမှတ် ၂ ရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် တာဝန်ထမ်းဆောင်စဉ် အဆိုပါရပ်ကွက်နေ ကမ်ခန့်ခုပ် (၃၈)နှစ်ကို အထုပ်တစ်ထုပ်ဖြင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးခဲ့သည်။ 
၎င်း အထုတ်အတွင်းမှ သင်းခွေချပ်ခွံ(အစို)(၁၃)ပိဿာခန့် (၁)ပိဿာလျှင် (၃)သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၃၉)သိန်းဖိုးကို သိမ်းဆည်းရမိခဲ့သောကြောင့် ကမ်ခန့်ခုပ်အား ရိဒ်ခေါဒါရ် နယ်မြေရဲစခန်းက (ပ)၅/၁၈၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများကာကွယ်စောင့် ရှောက် ရေးဥပဒေပုဒ်မ ၄၁(က) အရ အမှုဖွင့်အရေးယူထားသည်။