အာရှပြိုင်ပွဲ၌ ခြေစွမ်းပြနိုင်ခဲ့သည် မြန်မာအသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

အာရှပြိုင်ပွဲ၌ ခြေစွမ်းပြနိုင်ခဲ့သည် မြန်မာအသင်း ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် အာရှအားကစားပွဲတော်၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်ဖြင့်သာကျေနပ်ခဲ့ရသည့် မြန်မာယူ-၂၃အသင်းသည် သြဂုတ် ၂၁ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။

ပြန်လည်လိုက်ပါ

မြန်မာယူ-၂၃အသင်းသည် အာရှအားကစားပွဲတော် အုပ်စုတွင်း၌ ဆော်ဒီအသင်းကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း မြောက်ကိုရီးယားကို သရေ၊ အီရန်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိ်ုင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ပြိုင်ပွဲ၌ ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ဂိုးကွာခြားချက်အရ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအသင်းနှင့်အတူ တိုက်စစ်မှူးအောင်သူလည်း ပြန်လည်လိုက်ပါလာမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း ထိုင်းကလပ်ပူးလ်လစ်တယ်ရိုအသင်းနှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်သည်။

ပြင်ဆင်လေ့ကျင့်

မြန်မာယူ-၂၃အသင်းနည်းပြ အန်တွမ်နီဟေးလ်သည် ဆူဇူးကီးပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းကို ဆက်လက်ပြင်ဆင်လေ့ကျင့်မည်ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြီးဆုံးမှသာ လက်ရွေးစင်အသင်းလေ့ကျင့်မှုများကို ပြန်လည်စတင်မည်ဖြစ်သည်။ နေရှင်နယ်လိဂ်ပြိုင်ပွဲများမှာ စက်တင်ဘာ ၂၃ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး လက်ရွေးစင်အသင်း၏ လေ့ကျင့်မှုများကို အောက်တိုဘာလဆန်းပိုင်း၌ ပြန်လည်စတင်နိုင်ဖွယ်ရှိနေသည်။

အတည်ပြုထား

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူးကီးပြိုင်ပွဲအတွက် ခြေစမ်းပွဲများကစားရန် ပြင်ဆင်လျက်ရှိပြီး ဖီဖာမှ သတ်မှတ်ထားသည့် ရက်များတွင် ခြေစမ်းပွဲနှစ်ပွဲကစားရန် ပြင်ဆင်ထားသည်။လက်ရှိအချိန်တွင် အင်ဒိုနီးရှားလက်ရွေးစင်နှင့် အာဖဂန်နစ္စတန်လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းရန် အတည်ပြုထားပြီး ကာတာနိုင်ငံသို့လည်း သွားရောက်လေ့ကျင့်ခြေစမ်းရန် ပြင်ဆင်ထားသည်။



ဖတ်ရှုမှုအများဆုံး