ဂျပန်ကို သုံးပွဲပြတ်အနိုင်ယူပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်း ဆီမီးတက်

ဂျပန်ကို သုံးပွဲပြတ်အနိုင်ယူပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးပိုက်ကျော်ခြင်းအသင်း ဆီမီးတက်

၂၀၁၈ အာရှအားကစားပြိုင်ပွဲ၏ အမျိုးသမီးသုံးယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များကို သြဂုတ် ၂၁ရက်က ပလန်းဘန်းမြို့၌ ကျင်းပခဲ့ရာ မြန်မာအသင်းသည် ဂျပန်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

တက်ရောက်ခဲ့

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုတွင်း၌ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ဂျပန်အသင်းတို့နှင့်အတူကျရောက်ခဲ့ပြီး အင်ဒိုနီးရှားအသင်းကို နှစ်ပွဲ တစ်ပွဲ၊မလေးရှားနှင့် ဂျပန်အသင်းတို့ကို သုံးပွဲပြတ် အနိုင်ရရှိခဲ့ပြီး ဗီယက်နမ်အသင်းကို နှစ်ပွဲ တစ်ပွဲဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် လေးပွဲကစား သုံးပွဲနိုင်၊တစ်ပွဲရှုံးဖြင့် ဆီမီးဖိုင်နယ်သို့ အုပ်စုဒုတိယဖြင့် တက်ရောက်နိုင်ခဲ့သည်။ အုပ်စုပထမနေရာကို ဗီယက်နမ်အသင်းက လေးပွဲကစား ရှုံးပွဲမရှိဖြင့် တက်ရောက်ခဲ့သည်။

ယှဉ်ပြိုင်ကြမည်

အုပ်စု(က)တွင် ထိုင်း၊တောင်ကိုရီးယား၊ လာအို၊အိန္ဒိယအသင်းတို့ကျရောက်ခဲ့ပြီး ထိုင်းက သုံးပွဲကစား ရှုံးပွဲမရှိဖြင့် အုပ်စုပထမရရှိခဲ့ပြီး တောင်ကိုရီးယားအသင်းမှာ နှစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် အုပ်စုဒုတိယရရှိခဲ့သည်။ အမျိုးသမီးသုံးယောက်တွဲအသင်းလိုက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲစဉ်များကို သြဂုတ် ၂၂ရက်(ယနေ့)တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ထိုင်းနှင့် မြန်မာ၊ ဗီယက်နမ်နှင့် တောင်ကိုရီးယားအသင်းတို့သည် ဒေသစံတော်ချိန် နံနက် ၉နာရီတွင် ဆီးမီးဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး