နောင်ချိုကုလားမကွေ့တွင် ဒီဇယ်ဆီတွဲကား တိမ်းမှောက်ကာ ယာဉ်ကြောပိတ်ဆို့

နောင်ချိုကုလားမကွေ့တွင် ဒီဇယ်ဆီတွဲကား တိမ်းမှောက်ကာ ယာဉ်ကြောပိတ်ဆို့

နောင်ချိုကုလားမကွေ့တွင် ဒီဇယ်ဆီတွဲကားတိမ်းမှောက်ကာ ယာဉ်လမ်း ကြောပိတ်ဆို့မှုဖြစ်ပွားကြောင်း ပြည်နယ်အခြေစိုက်ကုန်တင်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။ 

သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ အချိန်တွင် ရှမ်းပြည်နယ် ကျောက်မဲ- နောင်ချို ( ဂုတ်တွင်း ) လမ်းပိုင်း မိုင်တိုင်အမှတ် ( ၈၃ / ၄ ) ကုလားမကွေ့  တွင် မန္တလေးမှမူဆယ်သို့ မောင်းနှင်လာသော ဒီဇယ်ဆီများ တင်ဆောင်ထားသည့်တွဲကား တိမ်းမှောက်ခဲ့သည်။ မိုးအဆက်မပျက်ရွာသွန်းနေခြင်းနှင့်တွဲကားတိမ်းမှောက်မှုကြောင့် ဒီဇယ်ဆီများ ယိုဖိတ်မှုဖြစ်ပွားကာ ယာဉ်လမ်းကြောပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိိသည်။ 
ယာဉ်လမ်းကြော ပုံမှန်သွားလာနိုင်ရေးအတွက် ကျောက်မဲအမှတ် ( ၁၂၀ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှနယ်မြေခံရဲတပ်ဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
သို့ဖြစ်ပါ၍ ယာဉ်မောင်းဆရာများအနေဖြင့် ကျောက်မဲဘက်အခြမ်းတွင် နောင်ပိန်ရွာ မိုးမြင့်သာ စားသောက်ဆိုင်၌လည်းကောင်း၊ နောင်ချိုဘက်အခြမ်းရှိ နောင်ချိုမြို့အဝင်နှင့်တိုးဂိတ်တို့တွင်လည်းကောင်း မိမိရောက်ရှိရာနေရာအသီးသီးတွင်တန်းစီစနစ်ဖြင့်ရပ်တန့် မောင်းနှင်ကြရန် ကုန်တင် ယာဉ်မောင်းနှင်သူများက အသိပေးထုတ်ပြန်ထားသည်။