ဦးလေး၏ ဇနီးကို တူဖြစ်သူက သားမယားပြုကျင့်

ဦးလေး၏ ဇနီးကို တူဖြစ်သူက သားမယားပြုကျင့်

မိုးညှင်းမြို့ နယ် ဟိုပင်မြို့ မြို့သစ်ကလေးကျေးရွာတွင် ဦးလေး၏ ဇနီးကို တူဖြစ်သူက သားမယား ပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက သြဂုတ် ၂၀ ရက်က အမှုဖွင့်အရေးယူထားကြောင်း ဟိုပင်မြို့မရဲစခန်းမှ သိရသည်။ 

သြဂုတ် ၁၉ ရက်နေ့ နံနက် ၈ နာရီ အချိ်န့်ခန့်တွင် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ခင်ပွန်းဖြစ်သူနှင့်အတူ ကျေးရွာ၏ ၄ မိုင်ခန့်ကွာဝေးသည့် ယာတောအတွင်းရှိနေခဲ့ပြီး ခင်ပွန်းမှာ မြင်သာကျေးရွာရှိ နာရေးအိမ်သို့ ထွက်သွားခဲ့သည်။ 
နေအိမ်တွင် ၄င်းနှင့် အသက် ၃ နှစ်အရွယ် သမီးတို့ ကျန်ရစ်ခဲ့သည်။ နံနက် ၁၀ နာရီ အချိန်ခန့်တွင် ယာခင်းတဲနီးချင်းနေ ခင်ပွန်း၏ တူတော်စပ်သူ ရဲမင်းထွန်း(ခ)ရဲကြီး(၂၆နှစ်)က အရက်မူးရောက်ရှိလာခဲ့ကာ နေအိမ်တွင် ထိုင်နေခဲ့သည်။ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် သမီးငယ်နှင့်အတူ ယာတဲတောင်ဘက်ရှိ လွှတ်ကျောင်းထားသည့် နွားများကိုနေရာပြောင်းရွှေ့စဉ် ရဲမင်းထွန်း(ခ)ရဲကြီးက နောက်မှလိုက်လာကာ မြေပြင်သို့တွန်းလှဲ၍ တံတောင်ဖြင့်လည်ပင်းအား ဖိထားကာ "မအော်နဲ့အော်ရင်သတ်ပစ်မယ်"ဟု ခြိမ်းခြောက်ပြီး သားမယားအဖြစ်ပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
ဟိုပင်နယ်မြေရဲစခန်းက(ပ) ၄၄ /၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ကျူးလွန်သူကိုဖမ်းဆီး အရေးယူထားသည်။