မူးယစ်ဆေးဖြန့်သူ ထိုင်းနိုင်ငံသားအပါအဝင် ၅ ဦးကို သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

မူးယစ်ဆေးဖြန့်သူ ထိုင်းနိုင်ငံသားအပါအဝင် ၅ ဦးကို သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

ဘုရားသုံးဆူတွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ ထိုင်းနိုင်ငံသားအပါအဝင် ၅ ဦးကို ၁၂၂၃ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများနှင့်အတူ ယနေ့ သြဂုတ် ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

သြဂုတ် ၂၁ ရက်နေ့ ညနေ ၃နာရီခွဲအချိန်ခန့်တွင် ကော့ကရိတ်ခရိုင်ဘုရားသုံးဆူမြို့  ၊အမှတ် (၂) ရပ်ကွက် ဥဒေါင်းကန်(၉)လမ်းရှိ ကျော်လင်းထွန်း (ခ)အငယ်ကောင်၏ နေအိမ်၌ မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းအရ အမှတ်(၉၆)နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီး ကျော်မင်းဖြိုးဦးစီးသည့်တပ်ဖွဲ့ဝင်များနှင့် ဘုရားသုံးဆူနယ်မြေရဲစခန်းမှ ရဲအုပ်အောင်မြတ်မိုးတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။ အဆိုပါနေအိမ်မီးဖိုခန်းအတွင်း စွန့်ပစ်ထားသောအမှိုက်များအောက်တွင် ပလက်စတစ်အိတ် အကြည် ဖြင့်ထုပ်ပိုးထားသည့် မူးယစ်ဆေးဝါး (ICE)ဟု ယူဆရသည့် အဖြူရောင်အစိုင်အခဲ အကြေမှုန့်(၃)ထုပ်၊ အလေးချိန်(၂၄၈.၃၉)ဂရမ်၊ နေအိမ်ခန်းအဝတ်တန်းတွင် ချိတ်ဆွဲထားသောပြောက်ကျား အင်္ကငျီ်္ အနွေး ထည်အတွင်းမှ ပလတ်စတစ်အကြည်ဖြင့် ထုပ်ပိုးထားသော မူးယစ်ဆေးဝါး(ICE)ဟု ယူဆရသည့် အဖြူရောင် အစိုင်အခဲအကြေမှုန့်(၁)ထုပ်၊ အလေးချိန်(၇၉.၁၃)ဂရမ်၊ စုစုပေါင်းအလေးချိန် (၃၂၇.၅၂) ဂရမ်၊ ကာလတန်ဖိုး (၁)ဂရမ်လျှင် (၈၀ဝ၀ဝ)ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း(၂၆၂)သိန်းကျော် ဖမ်းဆီးရမိခဲ့သည်။ ၄င်းမူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ ကျော်လင်းထွန်း(ခ)အငယ်ကောင်နှင့် ဇနီးမစန္ဒီထွန်းတို့ကို မေးရာ လွန်ခဲ့သောတစ်လခန့်က ဝင်းအေး(ခ)အာဒစ်မှ ထိုင်းအက္ခရာ /၆၁၄၄ ယာဉ်ဖြင့် လာ ရောက်ပို့ပေးခဲ့သောကြောင့် တစ်ဆင့်ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။ 
ရရှိသည့် သတင်းများအရ ည ၁၁ နာရီ အချိန်တွင် ဝင်းအေး(ခ)အာဒစ်ကို (အ.ထ.က) ကျောင်း သီရိရတနာလမ်းမပေါ်၌ အဖြူရောင်(ISUZU) အမျိုးအစား ယာဉ်ဖြင့်တွေ့ရှိခဲ့ပြီး ၄င်းနှင့်အတူ ယာဉ်မောင်း စောထူးကိုနှင့် ထိုင်းနိုင်ငံသား အချွန်းလ်တို့ကို တွေ့ရှိရသဖြင့် ရဲစခန်းသို့ခေါ်ဆောင်ကာ စစ်ဆေးခဲ့သည်။ 
၄င်းတို့ကို ဖမ်းဆီးရမိခဲ့သည့် (ISUZU)ယာဉ်အတွင်းပိုင်း အံခွက်အတွင်းမှ ဆီစိမ်စက္ကူဖြင့် ပတ်ထားသည့် အပြာရောင်ကပ်ခွာပလက်စတစ်အိတ်အတွင်းမှ မူးယစ်ဆေးဟုယူဆရသော WY စိတ်ကြွဆေးပြား၅၂၅၂ပြား၊ဝင်းအေး(ခ)အာဒစ်၏အနက်ရောင်ကျောပိုးအိတ်အတွင်းမှ(ICE)ဟုယူဆရသည့်အဖြူရောင်(၁)ကီလိုဂရမ်(၁၀ဝ၃)ဂရမ်အစိုင်အခဲတစ်တုံးကာလတန်ဖိုးကျပ်(၁၅၇)သိန်းကျော်နှင့် ICE တန်ဖိုးကျပ် (၈၀၂)သိန်းကျော်တို့ကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် မူးယစ်ဆေးရောင်းချရာတွင် အသုံးပြုသည်ဟုယူဆရသော လက်ကိုင်ဖုန်း ၁လုံး၊ မြန်မာ ငွေရောရာ (၁၁၉၁၀ဝ)ကျပ်၊ ထိုင်းငွေရောရာ(၂၅၀ဝ)ဘတ်၊ စုစုပေါင်းတန်ဖိုးကျပ်သိန်းပေါင်း(၁၂၂၃)သိန်းကျော်ကိုသိမ်းဆည်းရမိခဲ့သည်။ မူးယစ်ဆေးသယ်ဆောင်ရာတွင်အသုံးပြုသည့်အဖြူရောင်(ISUZU)အမျိုးအစားမော်တော်ယာဉ်(၁)စီး၊ယာဉ်မောင်းစောထူးကို၏ခါး၌ (BERETTA made in Italy)စာတမ်းပါအနက်ရောင်(၉)မမ ပစ္စတို (၁)လက်၊ကျဉ်အိမ်(၁)ခု၊ကျဉ်(၁၆)တောင့်တို့အားတွေ့ရှိကာ ဆက်လက်သိမ်းဆည်းရမိခဲ့သည်။ ၄င်းကိုစစ်ဆေးချက်များအရမူးယစ်ဆေးသယ်ဆောင်၊ရောင်းချရာတွင်အသုံးပြုသည့်ထိုင်းအက္ခရာ၊၆၄၄၊ငွေခဲရောင်၊ချက်ပလက်အမျိုးအစား ယာဉ်မှာဘုရားသုံးဆူမြို့အမှတ်(၂)ရပ်ကွက်၊ဥဒေါင်းကန်အနီးရှိ (အာနိုး)ရေဆေးခုံတွင်သွားရောက်ရေဆေးထားကြောင်းသိရှိရသဖြင့် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ဖမ်းဆီးရမိသူ ၅ ဦးကို ဘုရားသုံးဆူနယ်မြေရဲစခန်းမှူးက မယ(ပ)၆/၁၈၊မူး/စိတ်ပုဒ်မ-၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ သြဂုတ် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။