အမျိုးသားတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှု သက်ဆိုင်ရာက စစ်ဆေးနေ

အမျိုးသားတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှု သက်ဆိုင်ရာက စစ်ဆေးနေ

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင်  အမျိုးသားတစ်ဦး ခေါင်းဖြတ် အသတ်ခံရမှုကို သြဂုတ် ၂၂ ရက်တွင် အင်းတော်ရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

သြဂုတ် ၂၀ ရက်တွင် အင်းတော်မြို့နယ် သစ်ကြီးစုတောအတွင် အမျိုးသားတစ်ဦး ခေါင်းဖြတ် သတ်ခံရကြောင်းသတင်းအရ အင်းတော်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ စိုးနိုင်(၃၆ နှစ်)ဖြစ်ကြောင်းသိရပြီး အလောင်းအား ခေါင်းဖြတ် မြေမြုပ်ထားသဖြင့် သက်ဆိုင်ရာက သြဂုတ် ၂၁ ရက်တွင် တူးယူဖော်ထုတ်ခဲ့ရသည်။

အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ အင်းတော်မြို့ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည်ဆိုသူ တစ်ဦးကို ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်းသိရသည်။