အရက်မူးပြီးဆဲဆိုသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးထံ တိုင်ကြားပြီးပြန်လာစဉ် လှံဖြင့်ထိုးခံရဖြင့် သြဂုတ်လ ၂၁ ရက်နေ့ ကနေပြည်တော်တွင်ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ည ၇ နာရီအချိန်ခန့်တွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်း ကျေးရွာနေ မကြည်ကြည်လှိုင်သည် နေအိမ်ဈေးဆိုင်တွင်ရှိနေစဉ် တစ်ရွာတည်းနေ ချစ်သိုင်း(၃၂)မှ ဆေးလိပ်လာဝယ်သဖြင့် ရောင်းချခဲ့သည်။
အထိုစဉ် တစ်ရွာတည်းနေ ဝင်းတင့်(၄၈)နှစ် အရက်မူးပြီးရောက်ရှိလာပြီး ချစ်သိုင်းနှင့်စကားပြောဆိုစဉ် ချစ်သိုင်းအား လေးခွဖြင့် ပစ်မည်ပြု၍ မကြည်ကြည်လှိုင်က ဝင်ရောက်တားမြစ်ခဲ့စဉ် ချစ်သိုင်းဘက်မှ ဘက်လိုက်ပြောဆိုသည်ဟုဆို၍ဆဲဆိုသည်။
အထိုသို့ဆဲဆိုသည်ကို အစ်မဖြစ်သူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက် တိုင်ကြားခဲ့ပြီး ပြန်လာစဉ် ကျေးရွာစာသင်ကျောင်းအနီးအရောက် ဝင်းတင့်မှ အသင့်ကိုင်ဆောင်လာသော လှံနှင့် ထိုးရာ မကြည်ကြည်လှိုင်တွင် ဒဏ်ရာများရရှိခဲ့သဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
အထုံးဖိုမြို့မရဲစခန်း(ပ)၈၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၅၄/၃၂၃/၂၉၄ အရအမှုဖွင့်ထားသည်။
















