မတ္တရာမြို့နယ်တွင်အုတ်စက်လုပ်သားအချင်းစကားများရန်ဖြစ်ရန်ဖြစ်ရာက တစ်ဦးသေဆုံးခဲ့မှု သြဂုတ်၂၃ ရက်ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် မတ္တရာမြို့နယ် မတ္တရာကွေ့တောအုပ်စု (၄၂၅) အုပ် စက် တွင်အုတ်လုပ်သားများအရက်အတူသောက်စကားများရန်ဖြစ်ရာကလူတစ်ဦးသေဆုံးကြောင်းသတင်းအရ မတ္တရာမြို့မရဲစခန်းမှူး ဒုရဲအုပ်စိုးမင်းလတ် နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ အဆိုပါ အုပ်စက်တွင် အလုပ်လုပ်ကိုင်နေသူ ဝက်လက်မြို့နယ်၊ သရိုင်မင်ကုန်း ကျေးရွာနေ မှိန်းဇော်ဝင်း(ခ)အာကြီး(၄၅)နှစ်နှင့် နွားထိုးကြီးမြို့နယ်ပြင်စည်ကျေးရွာနေ အသက် ၄၁ နှစ်အရွယ် အမျိုးသားတို့ အရက်အတူသောက်ထမင်းစားစဉ် စကားများရာက မှိန်းဇော်ဝင်း(ခ)အာကြီးက (၂)တောင်ခန့်ရှိ ဝါးရင်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ယင်းသို့ရိုက်နှက်သဖြင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတွင် နောက်စေ့တွင်ပေါက်ပြဲဒဏ်ရာ(၃)ချက်ရရှိကာ နေရာတွင်သေဆုံးခဲ့သည်။
မတ္တရာမြို့မရဲစခန်းက (ပ)၄၅၅/၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

















