ညောင်လေးပင်မြို့နယ်တွင် မြေသယ်ယာဉ်နောက်ဆုတ်စဉ် နောက်ဘီးဖြင့် ကြိတ်မိသဖြင့် လမ်းပေါ်တွင်ရပ်နေသူ အမျိုးသားတစ်ဦးသေဆုံးခဲ့မှု သြဂုတ် ၂၅ ရက်ကဖြစ်ပွားခဲ့ကြောင်း ညောင်လေး ပင်မြို့မရဲစခန်းမှသိရသည်။
အဆိုပါနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် ပဲခူးမြို့ ညောင်လေးပင်မြို့နယ် ပေါက် တော ကျေးရွာထိပ်ရန်ကုန်မန္တလေးကားလမ်းဟောင်းမိုင်တိုင်အမှတ်(၁၀၂/ဝ)နှင့်(၁၀၂/၁)အကြားတွင်ယာဉ်ကြိတ်မိ သဖြင့် အမျိုးသားတစ်ဦးသေဆုံးကြောင်းသတင်းအရ တာဝန်မူးဒုရဲအုပ်ကျော်ဆန်းလင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ရန်ကုန်မှမန္တလေးဘက်သို့ မဒေါက်မြို့နယ်နေ ယာဉ်မောင်းမျိုးသူ မောင်းနှင်ပြီးယာဉ် နောက်လိုက် ရဲဝင်းထွန်း တို့လိုက်ပါလာသည့် အပြာရောင်(၆) ဘီးမြေသယ်ယာဉ် သည် ပေါက်တောကျေးရွာထိပ် ရွာထဲသို့ ဦးခေါင်းတည်ပြီး ကားလမ်းယာဘက်သို့ နောက်ပြန်ဆုတ်စဉ် ယာနောက်တွင်မတ်တပ်ရပ်နေသည့် ညောင်လေးပင်မြို့နေ အသက် ၄၂ အရွယ် အမျိုးသားကြီးကို နောက်ဘီးဖြင့်ကြိတ်မိခဲ့သည်။
ထိုသို့ကြိတ်မိသဖြင့် ယင်းအမျိုးသားတွင် နောက်ကျောဘက်ပေါက်ပြဲပွင့်ထွက်ဒဏ်ရာ ယာဘက်တင်ပါးဆုတ်ပြဲဒဏ်ရာဝဲယာခြေထောက်များကျိုးကြေ ဒဏ်ရာများရရှိပြီးအခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းစစ်ဆေးတွေ ရှိခဲ့သဖြင့် သေဆုံးသူအားရဲဆေးစာဖြင့်ညောင်လေးပင်ပြည်သူ့ဆေးရုံသို့ပို ့ဆောင် ပေးခဲ့သည်။
ညောင်လေးပင်မြို့မရဲစခန်းကယာဉ်(ပ)၃၀/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမူဖွင့်အရေးယူ ထားသည်။
















