ဘူးသီးတောင်မြို့ ဝင်/ထွက်ဂိတ်တွင် ကျပ်သိန်း ၄ သောင်းကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ

ဘူးသီးတောင်မြို့ ဝင်/ထွက်ဂိတ်တွင် ကျပ်သိန်း ၄ သောင်းကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ

ဘူးသီးတောင်မြို့ ဝင်/ထွက်စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၄ သောင်းကျော်ဖိုးခန့်ကို သက်ဆိုင်ရာက သြဂုတ် ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဘူးသီးတောင်မြို့မရဲစခန်းမှ သိရသည်။ 

ယင်းနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ဘူးသီးတောင်မြို့ အမှတ်(၅)ရပ်ကွက်၊ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် ဓညဝတီလမ်းအတိုင်း လှိုင်သာယာမြို့နယ် အမှတ်(၁) ရပ်ကွက်နေ ယာဉ်မောင်း အောင်မျိုးလွင် (၃၇ နှစ်)နှင့် တစ်ရပ်ကွက်တည်းနေ ကျော်စိုးဦး (ခ)ခင်မောင်ဝင်း (၄၁ နှစ်)တို့ လိုက်ပါလာသည့် VOXY မော်တော်ယာဉ်ကို ဘူးသီးတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်သတင်းအရ စစ်ဆေးခဲ့သည်။ အဆိုပါယာဉ်၏နောက်ခန်းအတွင်း ပီနံအိတ် ၈ အိတ်ဖြင့်ထည့်ထားသည့် အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၁,၄၅၂,၇၅၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့ ၂ ဦးကို မူးယစ်ဆေးဝါး နှင့်စိတ် ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ဘူးသီးတောင်မြို့ နယ်မြေရဲစခန်းမှ သိရသည်။ 
ယခုသြဂုတ်လ ၁၇ ရက်ညပိုင်းတွင်လည်း ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိတ်ကြွဆေးပြား ကျပ်သိန်း ပေါင်း ၈၃၀ဝ၀ ဖိုးခန့် ကို သက်ဆိုင်ရာက ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။