တာချီလိတ်တွင် ထိုင်းနိုင်ငံသားများထံမှ ပစ္စတိုသေနတ် ၂ လက်နှင့် စိတ်ကြွဆေးများဖမ်းမိ

တာချီလိတ်တွင် ထိုင်းနိုင်ငံသားများထံမှ ပစ္စတိုသေနတ် ၂ လက်နှင့် စိတ်ကြွဆေးများဖမ်းမိ

တာချိတ်လိတ်မြို့တွင် ထိုင်းနိုင်ငံသားများထံမှ ပစ္စတိုသေနတ် ၂ လက်နှင့် စိတ်ကြွဆေးပြားများကို သက်ဆိုင်ရာက သြဂုတ်၂၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ ရွှေမြေသာယာဈေးလမ်းရှိ အခန်းအမှတ် (၁/၂၀၇) တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့သည်။ 
အဆိုပါအခန်းတွင်နေထိုင်သူများမှာ ထိုင်းနိုင်ငံသားများဖြစ်သည့် Mr. Witsanoot (၂၅ နှစ်)၊ Mr. Manop Changkaew (၂၄ နှစ်)၊ Mr. Teerawad Kampunjian (၁၉ နှစ်)နှင့် Mr. Anusorn Daorucang (၂၀ နှစ်) တို့ဖြစ်ပြီး ၎င်းတို့အား အခန်းအတွင်း တွေ့ရှိခဲ့သည်။ ၄င်းတို့ နေထိုင်ရာ အခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ ပြား၊ အိုက်စ် ၅၃ ဒသမ ၅ ဂရမ်၊ ပစ္စတိုနှစ်လက်၊ ၎င်းကျည် ၃၂ တောင့်၊ ၎င်းကျည်အိမ် ၃ ခုတို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် သက်ဆိုင်ရာက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။