မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ ချုပ် အသင်းဝင်အဖြစ် ဝင်ရောက်လိုသူများ သည် အသင်းဝင်ပုံစံလျှောက်လွှာများကို စက် တင်ဘာ ၁ ရက်မှစတင်၍ ရယူလျှောက်ထား နိုင်ပြီဖြစ်ကြောင်း အဖွဲ့ချုပ်အတွင်းရေးမှူး ဦးမြင့်ဦး(ဖေဒီ)က ထုတ်ဖော်ပြောဆိုခဲ့သည်။
စီစဉ်လျက်ရှိ
ဝင်ခွင့်လျှောက်လွှာများကို ထုတ်ယူတင် သွင်းရာ၌ အဆင်ပြေစေရန်အတွက် နေရာ အား စီစဉ်လျက်ရှိနေပြီး သတင်းထပ်မံ ထုတ် ပြန်ပေးမည်ဟု ဦးဖေဒီက ပြောဆိုခဲ့သည်။ "ဝင်ခွင့်လာရောက်လျှောက်ထားသူတွေ အဆင် ပြေပြေ ဖြစ်စေဖို့အတွက် လက်ခံမယ့်နေရာ ကို စီစဉ်နေပါတယ်။ စီစဉ်နေဆဲဖြစ်လို့ သတင်း မထုတ်ပြန်သေးတာပါ။ စီစဉ်ပြီးတာနဲ့ လျှောက် လွှာတင်သွင်းရမယ့်နေရာကို ရက်ပိုင်းအတွင်း ထပ်မံသတင်းထုတ် ပြန်ပေးမှာပါ"ဟု ၎င်းက ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ အားကစား မီဒီ ယာများအဖွဲ့ချုပ်၏ ဖွဲ့စည်းပုံစည်းမျဉ်းများ နှင့် ရွေးချယ်တင်မြှောက်ပွဲဆိုင်ရာ စည်းမျဉ်း များကိုလည်း ရေးဆွဲလျက်ရှိနေပြီး အသင်း ဝင်များသို့ ချပြဆွေးနွေးအတည်ပြုချက်ရယူ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
တာဝန်ယူ
မြန်မာနိုင်ငံ အားကစားမီဒီယာများအဖွဲ့ ချုပ်ကို ဥက္ကဋ္ဌအဖြစ် ဦးစိုးမိုးကျော် (စိုးမိုး-IBC)က တာဝန်ယူလျက်ရှိနေပြီး ဒုတိယဥက္ကဋ္ဌ များအဖြစ် ဦးÓဏ်ထွန်း (လေးကိုကို)၊ ဦးမြင့် ဆွေ (မြင့်ဆွေမြင့်)၊ ဦးဌေးအောင်(ကိုဌေးÝ-ကနောင်)၊ အတွင်းရေးမှူးအဖြစ် ဦးမြင့်ဦး (ဖေဒီ)တို့က တာဝန်ယူထားကြသည်။















