ရုပ်ရှင်ထဲမှ ဆွဲကြိုးချသေဆုံးသည့်ပုံစံကို သရုပ်ပြသည့် ၁၀ နှစ်ကလေး သေဆုံး

ရုပ်ရှင်ထဲမှ ဆွဲကြိုးချသေဆုံးသည့်ပုံစံကို သရုပ်ပြသည့် ၁၀ နှစ်ကလေး သေဆုံး

ကျောက်တန်းမြို့နယ်တွင် ညီမဖြစ်သူကို ရုပ်ရှင်ဇာတ်ကားထဲမှ ဆွဲကြိုးချ သေဆုံးသည့်ပုံစံကို သရုပ်ပြရာမှ ၁၀ နှစ်ကလေး တကယ်သေဆုံးသွားမှု သြဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယင်းနေ့ ညနေ ၄ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာတွင် ယောကျာ်းလေးတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ ကျောက်တန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ သေဆုံးသူမှာ အသက် ၁၀ နှစ်အရွယ် ၄ တန်းကျောင်းသား မောင်ဝင်းဌေး ဖြစ်ပြီး နေအိမ်ထုတ်တန်း တွင် နိုင်လွန်ကြိုးကို အသုံးပြုကာ ဆွဲကြိုးချသေဆုံးနေသည်ဟု သိရသည်။ သက်ဆိုင်ရာ၏ စုံစမ်းချက်အရ မိဘ များအလုပ်သွားစဉ် နေအိမ်တွင် ကျန်ရစ်ခဲ့သည့် အသက် ၅ နှစ်အရွယ် ညီမဖြစ်သူကို ရုပ်ရှင် ဇာတ်ကားထဲမှ ဆွဲကြိုးချသေဆုံးပုံကို သရုပ်ပြသစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
အလောင်းကို ကျောက်တန်းဆေးရုံသို့ပို့ဆောင်ပြီး ကျောက်တန်းမြို့မရဲစခန်းကသေမှုသေခင်းအမှတ်စဉ် ၁၆/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။