မူးယစ်ဆေးဝါးချက်သည့် စခန်းဟောင်းမှသိမ်းဆည်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများ သက်ဆိုင်ရာသို့ အပ်နှံ

မူးယစ်ဆေးဝါးချက်သည့် စခန်းဟောင်းမှသိမ်းဆည်းခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများ သက်ဆိုင်ရာသို့ အပ်နှံ

ကွတ်ခိုင်မြို့နယ်လွယ်ခန်းကျေးရွာအုပ်စုမော်တောင်းဟေ့ာရွာအနီး မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာတစ်ခုကိုတပ်မတော်နယ်မြေရှင်းလင်းရေးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များကတွေ့ရှိ ရှင်းလင်းခဲ့ပြီး မူးယစ်တပ်ဖွဲ့စု (၂၂)သို့ သြဂုတ် ၂၇ ရက်တွင် အပ်နှံခဲ့သည်။ 

သြဂုတ် ၂၃ ရက် နံနက် ၇ နာရီ အချိန်ခန့်တွင် ယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဂါလန် ၅၀ ဆံ့အပြာရောင် ပလက်စ တစ်ပီပါအလုံး ၃ဝဖြင့်ထည့် ဆာလ်ဖြူရစ်အက်ဆစ်ခန့်မှန် တန်ဖိုးသိန်း ၆၀၊ ၅ ဂါလံ အလုံး ၂ဝဖြင့် ထည့်ထားသည့် လိုက်ဇော ဂါလန် ၂၀၀  ကျပ်သိန်း၂၀၀ ခန့်၊ ဂက်စ်အိုး တစ်လုံး၊ ဖန်ပေါင်းအိုးတစ်လုံး၊ မီးသတ်ဆေးဗူး ၁၇ ဗူး၊ လျှပ်စစ်မီးဖိုအသစ် အလုံး ၅၀ ၊ အသုံးပြုပြီး လျှပ်စစ်မီးဖို အလုံး ၅၀ ၊ ပိုက်ကြိုးခွေ မျိုးစုံ ၂၀ ခွေ၊ သံပေါင်းအိုး တစ်လုံး၊ တာလပတ်အမိုးစ ၃ ခု၊ သံပီပါအလုံး ၇၀ တို့ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ထားသူများကို အရေးယူပေးရန် မူးယစ်တပ်ဖွဲ့စု (၂၂) မှ ရဲအုပ်ဇော်မင်းသိန်းက ကွတ်ခိုင်မြို့မရဲစခန်းသို့ တရားလိုပြု ကာ သြဂုတ် ၂၇ ရက် ညနေ ၆ နာရီခွဲအချိန်ခန့်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ) ဖြင့် အမှုဖွင့်အရေး ယူခဲ့သည်။ 

သြဂုတ် ၂၆ ရက် ညပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ကွတ်ခိုင်မြို့နယ်အတွင်း တရုတ်အမျိုး သားများ နေထိုင်သည့် နေအိမ်တွင်းမှ မူးယစ်ဆေးပြားအမြောက်အများဖမ်းဆီးရမိခဲ့ ကြောင်း ကွတ်ခိုင်မြို့ မရဲစခန်းရှေ့ကွင်းပြင်တွင် စုပုံရိုက်နှံထားသည့် ဓာတ်ပုံများပျံ့နှံ့ခဲ့သည်။

"လူမှုကွန်ရက်မှာ ပျံ့နေတဲ့ စိတ်ကြွဆေးပြားတွေ အများကြီးဖမ်းထားတဲ့ဓာတ်ပုံက အရင်ကပုံ အ ဟောင်းတွေပါ။ အခုဖမ်းဆီးမှုတွေကတော့ ခပ်စိပ်စိပ်တော့ရှိပါတယ်။သက်ဆိုင်ရာက ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပါတယ်" ဟု ကွတ်ခိုင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးအိုက်မွန်းကပြောသည်။