မင်းကွန်း-စစ်ကိုင်း ကားလမ်းတွင် ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး တစ်ဦးသေ ၄ ဦးဒဏ်ရာရ

မင်းကွန်း-စစ်ကိုင်း ကားလမ်းတွင် ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး တစ်ဦးသေ ၄ ဦးဒဏ်ရာရ

မင်းကွန်း-စစ်ကိုင်းသွား ကားလမ်းပေါ်တွင် ထော်လာဂျီယာဉ်တိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သြဂုတ် ၂၈ ရက်နေ့တွင် မင်းကွန်းနယ်မြေရဲစခန်းမှ သိရသည်။ 

ဩဂုတ် ၂၇ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လက်ပံကျေးရွာအနီး မင်းကွန်း-စစ်ကိုင်းသွား ကားလမ်းပေါ်တွင် ထော်လာဂျီယာဉ်တိမ်းမှောက်ကာ လူသေဆုံးကြောင်းသတင်းအရ မင်းကွန်းနယ်မြေရဲစခန်းမှူး ရဲအုပ် ထိန်လင်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ခိုတောင်ကျေးရွာနေ ဇော်မျိုးဝေ (၁၉ နှစ်)မောင်းနှင်ပြီးတစ်ရွာတည်းနေ နိုင်အောင် ကြည်( ၃၅ နှစ်)၊ ယာလေး(၁၈ နှစ်) ၊ ဇော်ဇော်(၂၂နှစ်) နှင့် ထက်ကို( ၂၈ နှစ်) တို့လိုက်ပါလာသည့် နံပါတ် မပါအပြာနုရောင်ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေး ရှိပလက်ဖောင်းကိုဝင်တိုက်မိကာ လဲကျတိမ်းမှောက်ခဲ့သည်။ 
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဇော်မျိုးဝေတွင် ဝဲဘက်ခြမ်း ဦးခေါင်းဂျိုစောင်း ဖူးရောင် သွေး ထွက်ဒဏ်ရာ၊ ယာနားထင်သွေးထွက်ဒဏ်ရာများရရှိကာ နေရာတွင် သေဆုံးခဲ့ပြီး ကျန် ၄ ဦးမှာ ဒဏ်ရာများအသီးသီးရရှိခဲ့သည်။ မင်းကွန်းနယ်မြေရဲစခန်းက ယာဉ်(ပ)၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားသည်။