သြဂုတ် ၂၉ ရက်နေ့ နံနက်၉ နာရီ ၅၅မိနစ် အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း ဥက္ကလာပစေတီအနီး ယာဉ်တိုက်မှုဖြစ်ပွားကာ အမျိုးသမီးတစ်ဦး ယာဉ်နောက်ဘီးအောက်ညပ်ကာသေဆုံးခဲ့မှု ဖြစ်ပွားကြောင်း သိရသည်။
အဆိုပါယာဉ်၏နောက်ဘီးဖြင့်ညပ်နေသူမှာ အသက် ၅၀ အရွယ် အမျိုးသမီးဖြစ်ပြီး ယာဉ်တိုက် မှုဖြစ်ပွားစဉ် ယာဉ်၏ ဘီးအောက်သို့ရောက်ရှိသွားခဲ့ပြီး ဘီးဖြင့်ညပ်သောကြောင့် ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်။
နံနက် ၁၀ နာရီ မိနစ်၂၀ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အမျိုးသမီးကို ထုတ်ယူနိုင်ခဲ့ပြီး အလောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ခဲ့သည်။ အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ကနဦး သတင်းများအရ သိရသည်။

















