တရုတ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် CFA အသက်(၂၁)နှစ်အောက် နိုင်ငံ တကာဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ယူ-–၂၁ အပြီး သတ်ကစားသမား ၂၂ ဦးစာရင်းကို နည်းပြ ချုပ်ဦးကြည်လွင်က သြဂုတ် ၂၉ ရက်က ရွေးချယ်ခဲ့သည်။
ပါဝင်လာခဲ့ခြင်းမရှိ
မြန်မာယူ-–၂၁ အသင်းသည် ပဏာမ ကစားသမား ၂၆ ဦးထဲမှ လေးဦးကိုဖြုတ်ချခဲ့ ပြီး အပြီးသတ် ၂၂ ဦးဖြင့် ဖိတ်ခေါ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ တရုတ် ယူ–-၂၁ ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် အပြီးသတ် ကစားသမားစာရင်း၌ ပြီးခဲ့သည့် ဧရာဝတီယူ နိုက်တက်နှင့်ခြေစမ်းပွဲတွင် လက်မောင်းရိုးကျိုး ဒဏ်ရာရခဲ့သည့် တိုက်စစ်မှူးအောင်ကောင်း မာန်နှင့် ဒဏ်ရာပြဿနာရှိနေသည့် စအောင် ပြည့်ကိုတို့ ပါဝင်လာခဲ့ခြင်းမရှိခဲ့ဘဲ မကွေး အသင်းမှ ရဲနိုင်ဦးနှင့် ရခိုင်ယူနိုက်တက်မှ နေသူရအောင်တို့လည်း ပါဝင်မလာခဲ့ပေ။
ခြေစမ်းမည်
မြန်မာယူ-–၂၁ အသင်းသည် ဖိတ်ခေါ်ပြိုင် ပွဲမယှဉ်ပြိုင်မီ နေရှင်နယ်လိဂ်ကလပ် စီနီယာ အသင်းများနှင့် ခြေစမ်းကစားခဲ့သည်။ ပထမ ခြေစမ်းပွဲအဖြစ် သြဂုတ် ၂၅ ရက်က ဧရာဝတီ ယူနိုက်တက်နှင့်ခြေစမ်းခဲ့ရာ နှစ်ဂိုး ဂိုးမရှိ ဖြင့်ရှုံးနိမ့်ခဲ့ပြီး သြဂုတ် ၂၇ ရက်တွင် မကွေး အသင်းနှင့် ခြေစမ်းခဲ့ရာ လေးဂိုး နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာယူ-–၂၁ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် သြဂုတ် ၃၀ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်နှင့် ခြေစမ်းကစားမည်ဖြစ် သည်။
မသိရှိရသေး
တရုတ်ဖိတ်ခေါ်ယူ-–၂၁ ပြိုင်ပွဲကို စက်တင် ဘာ ၄ ရက်မှ ၈ ရက်အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင် တရုတ်အသင်းအပါအဝင် မြန်မာ၊ တာဂျစ်ကစ္စတန်၊ ဥဇဘတ်ကစ္စတန်အသင်းတို့ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဖိတ်ခေါ်ပြိုင်ပွဲမှာ စက်တင်ဘာ ၄ ရက်တွင် စတင်မည်ဖြစ်သော်လည်း ပွဲစဉ်ဇယားအသေး စိတ်ကို လက်ရှိအချိန်အထိ မသိရှိရသေး ကြောင်းသိရသည်။ မြန်မာယူ–၂၁ အသင်း သည် စက်တင်ဘာ ၂ ရက်တွင် တရုတ်နိုင်ငံ သို့ထွက်ခွာမည်ဖြစ်သည်။















