ရထားသံလမ်းဆက် မူလီများဖြုတ်ခိုးသူ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်

ရထားသံလမ်းဆက် မူလီများဖြုတ်ခိုးသူ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့်

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ရထားသံလမ်းဆက်မှ မူလီများဖြုတ်ခိုးယူခဲ့သည်ဆိုသူ ၂ ဦးကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူထားကြောင်း သြဂုတ် ၂၉ ရက်က ကျောက် တံခါးမြို့မရဲစခန်းမှသိရသည်။

သြဂုတ် ၂၇ ရက်တွင် ရန်ကုန်-မန္တလေးမီးရထား လမ်း မိုင်တိုင်အမှတ် ၁၀၇/၂၃ နဲ့ ၁၀၈/၁၂ အကြား ရထားသံလမ်းဆက်မူလီများ ဖြုတ်ယူနေသူ ညောင်လေးပင်မြို့နယ် မြို့မ(၅) ရပ်ကွက်နေ မောင်ထက်ရန်ပိုင်ဇော် ၁၇ နှစ် နှင့် မောင်ရန်ပိုင်စိုး(၂၃ နှစ်)တို့နှစ်ဦးကို  မြန်မာ့မီးရထားရဲတပ်ဖွဲ့တပ်ခွဲ (၁၁)တပ်စု(၂)မှ တပ်ဖွဲ့ဝင်များက သတင်းအရ ဖမ်းဆီးခဲ့သည်။

၄င်းတို့ နှစ်ဦးကို စစ်ဆေးခဲ့ရာ ကိုင်ဆောင်ထားသည့် ဆာလာအိတ်အတွင်းမှ မီးရထားသံလမ်းဆက် မူလီချောင်း (၁၃)ချောင်း၊သံလမ်းဆက်မူလီခေါင်း(၁၈)လုံး၊ တံတားဆက်မူလီချောင်း(၂)ချောင်း၊ သံလမ်းဆက်မူလီချောင်း(၁၇)ချောင်း နှင့် သံလမ်းဆက်မူလီခေါင်း(၁၇) လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ကျောက်တံခါးမြို့မရဲစခန်းက (ပ)၇၁၈/၁၈ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၄ အရ အမှုဖွင့် အရေးယူထားသည်။