မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်အတွင်း သင်္ဘောဝန်ထမ်းမပါသည့် ကုန်တင်သင်္ဘောတစ်စင်း အာဏာပိုင်များ တက်ရောက်စစ်ဆေး

မြန်မာ့ပင်လယ်ရေပြင်ပိုင်နက်အတွင်း သင်္ဘောဝန်ထမ်းမပါသည့် ကုန်တင်သင်္ဘောတစ်စင်း အာဏာပိုင်များ တက်ရောက်စစ်ဆေး

သုံးခွမြို့နယ် သမစိတ္တကျေးရွာ  ရေမိုင် ၇ မိုင် မြန်မာ့ပင်လယ်ပြင်ပိုင်နက်အတွင်းသို့  ပိုင်ရှင်မဲ့ကုန် တင် သင်္ဘောကြီးကို တပ်မတော်ရေပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက သြဂုတ် ၃၀ ရက် နံနက်ပိုင်း တွင်တက်ရောက်စစ်ဆေးခဲ့ကြောင်း သုံးခွဲမြို့နယ်ရဲစခန်းမှသိရသည်။

အဆိုပါရေပိုင်နက်အတွင်းသို့ သြဂုတ်လ ၂၈ ရက် ညပိုင်းတွင် ရောက်ရှိလာသည့် ကုန်တင် ယာဉ်ကို ရေလုပ်သားများကတွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့သတင်းပို့ခဲ့ပြီးနောက် ပူးပေါင်းအဖွဲ့ဝင်များက သင်္ဘောကြီးကိုစောင့်ကြည့်ခဲ့ရာ သင်္ဘောပေါ်တွင် ဝန်ထမ်းများမပါရှိကြောင်း ကနဦးသတင်းများအရ သိရသည်။သင်္ဘောဝန်ထမ်းများမပါရှိခဲ့သည့် အဆိုပါကုန်တင်သင်္ဘောကြီးကိုယ်ထည်တွင် SAM RATULANGI PB 1600 ဟုရေးသားထားပြီး သင်္ဘောကုမ္ပဏီများ၏ မှတ်တမ်းအရ အင်ဒိုနီးရှားနိုင်ငံပိုင် အင်ဒိုနီး ရှားနိုင်ငံရှိ သင်္ဘောလိုင်း တစ်ခုမှဖြစ်ပြီး ဝန်တင်နိုင်သည့်ပမာဏမှာ ၁၈၂၄၇တင်နိုင်ကုန်တင် သင်္ဘော တစ်စင်းဖြစ်သည်။

သက်ဆိုင်ရာက သြဂုတ် ၃၀ ရက်နေ့ နံနက်ပိုင်း တက်ရောက်စစ်ဆေးစဉ် အဆိုပါကုန်တင် သင်္ဘော ကြီး ပေါ်သို့ ပစ္စည်းတက်ရောက်ခိုးယူသူ ၈ ဦးကိုလည်း သက်ဆိုင်ရာက အရေးယူစစ်ဆေး လျက်ရှိ ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။

''  အခုကြားနေရတဲ့ ဓါတုပစ္စည်းတွေတင်ဆောင်လာတာတို့ ၊ သင်္ဘောပေါ်မှာပစ္စည်းတက်ခိုးတဲ့ လူတွေ မိတယ်ဆိုတာတွေက မဟုတ်ဘူး။ ဒီနေ့ နံနက်ပိုင်းမှာ သန်လျင်ရေတပ်ဌာနချုပ်၊ မြို့နယ် စအဖ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ ဒီသင်္ဘောပေါ်ကို တက်ကြည့်တယ် ။ သင်္ဘောပေါ်မှာ လူတစ် ယောက်မှမတွေ့သလို ဘာပစ္စည်းမှတင်ဆောင်ထားတာကိုလည်း မတွေ့ရဘူး။ ဒီသင်္ဘောကြီး ဒီကို ဘယ်နည်းနဲ့ ရောက်လာတယ်ဆိုတာဟာ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်၊ အခုလည်း သက်ဆိုင်ရာက အနီးကပ်စောင့်ကြည့်နေတယ် "  ဟု သုံးခွ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေ သကြီး လွှတ်တော် ကိုယ်စား လှယ်ဦး နေဝင်းက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး