နည်းပညာတက္ကသိုလ် လက်ထောက်ကထိက မီးသီးလဲရာမှ ဓာတ်လိုက်သေဆုံး

နည်းပညာတက္ကသိုလ် လက်ထောက်ကထိက မီးသီးလဲရာမှ ဓာတ်လိုက်သေဆုံး

မကွေးနည်းပညာတက္ကသိုလ်မှ လက်ထောက်ကထိကတစ်ဦး မီးသီးလဲရာမှ ဓာတ်လိုက်သေဆုံးခဲ့မှု သြဂုတ် ၂၉ ရက်က ဖြစ်ပွား ခဲ့ကြောင်း မကွေးနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၉ ရက် ည ၈ နာရီက မကွေးမြို့ပြည်သူ့ ဆေးရုံတွင် ဓာတ်လိုက်သေဆုံးသည့် အလောင်းတစ်လောင်း ရောက်ရှိနေကြောင်းသတင်းအရ မကွေးနယ်မြေရဲ စခန်းမှူး ရဲအုပ် ကျော်ထူး သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးဝင်းဇော် ထွန်း (၄၂)နှစ် မကွေးနည်းပညာတက္ကသိုလ်  GTI လက်ထောက် ကထိက၊ (၆)လမ်း ရန်မျိုးလုံရပ် မကွေးမြို့နေသူဖြစ်ကြောင်း သိရ သည်။

အမှုဖွင့်

ဦးဝင်းဇော်ထွန်းတွင် ယာလက်ဖမိုးပွန်းခြစ်၊ ယာလက်ချောင်း များ ညိုမည်းဒဏ်ရာများရရှိလျက် သေဆုံးနေသည်ကိုတွေ့ရ သည်။ စုံစမ်းခဲ့ရာ အဆိုပါနေ့ ညနေ ၆ နာရီခွဲတွင် ဦးဝင်းဇော် ထွန်းသည် ၎င်း၏နေအိမ်ခြံဝင်းအတွင်းရှိ အိမ်ရှေ့တွင် ထွန်းထား သော ကျွမ်းနေသည့် မီးသီးအား အသစ်လဲလှယ်တပ်ဆင်ရန် အလူမီနီယံလှေကားဖြင့် မန်ကျည်းပင်ကိုထောင်ပြီးတက်စဉ် မန် ကျည်းပင်၌ သွယ်တန်းထားသော ဝိုင်ယာကြိုးနှင့် အလူမီနီယံ လှေကားတို့ ထိမိ၍ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး သိရှိခဲ့ရသည်။ ဦးဝင်းဇော်ထွန်းသေဆုံးမှုနှင့်ပတ်သက်၍ ရဲအုပ် ကျော်ထူးက တရားလိုပြုတိုင်ကြားခဲ့၍ မကွေးနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၄/ ၂၀၁၈ ဖြင့် အမှုဖွင့်ထားသည်။