အွန်လိုင်းစုမဲကိစ္စစကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ်ခဲ့သူကို သက်ဆိုင်ရာက ညတွင်းချင်း ဖမ်းဆီး

အွန်လိုင်းစုမဲကိစ္စစကားများရန်ဖြစ်စဉ် ဓားဖြင့်ထိုးသတ်ခဲ့သူကို သက်ဆိုင်ရာက ညတွင်းချင်း ဖမ်းဆီး

သာစည်မြို့၊ ရှင်းရဲတစ်ထောင်ဘုရားမုခ်ဦးအနီး အွန်လိုင်းစုမဲကိစ္စစကားများရန်ဖြစ်စဉ် ဓါးဖြင့်ထိုးသတ် ခဲ့သည်ဆိုသူ ကို သက်ဆိုင်ရာက ညတွင်းချင်း ဖမ်းဆီးခဲ့သည်။ 

ဩဂုတ်လ ၂၉ ရက် ည ၁၀ နာရီခွဲအချိန်တွင် မိတ္ထီလာမြို့နယ် ညောင်ကန်ကျေးရွာနေ တိုင်တန်းသူအမျိုးသမီးနေအိမ်တွင်ရှိနေစဉ် သမီးဖြစ်သူမှာသာစည် ဆေးရုံတွင်ဓါးဒဏ်ရာဖြင့် သေဆုံးရောက်ရှိနေကြောင်းသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ 

စုံစမ်းချက်အရ သာစည်မြို့၊ ရှင်းရဲတစ်ထောင်ဘုရားမုခ်ဦးအနီး တိုယိုတာ(ဗစ်)ယာဉ် ပေါ်တွင် သမီးဖြစ်သူ နှင့် မိတ္ထီလာမြို့နယ် မကျီးကုန်းရပ်ကွက်နေ မလင်းလင်းအောင်(၂၃)နှစ်တို့ နှစ်ဦး အွန်လိုင်း ဆုမဲကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ခဲ့သည်။

ထိုသို့ စကားများရန်ဖြစ်စဉ် မလင်းလင်းအောင်က  ကော်ရိုးတပ် ဓားဦးချွန်ဖြင့် ထိုးခဲ့သောကြောင့် သမီးဖြစ်သူတွင် ဒဏ်ရာများရရှိကာ ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားခဲ့ကြောင်းသိရသည်ဆိုကာ အရေး ယူပေးရန်တိုင်ကြား ခဲ့သည်။

သာစည်မြို့မရဲစခန်းက (ပ)၂၀၁/၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ  အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သည်ဆိုသူကို ညတွင်းချင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။