ရန်ကုန်-–နေပြည်တော်အမြန်လမ်းပိုင်းရှိ ဆွာချောင်းတံတားနိမ့်ကျလျက်ရှိသောတံတားဘက်အတွက် ယာယီဘေလီတံတားထိုးရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ သြဂုတ် ၃၀ ရက် နံနက် ၂ နာရီခန့်တွင် ဘေလီသံပေါင်များစတင် ရောက်ရှိပြီး ၂ နာရီခွဲခန့်၌ သံပေါင်များ စတင်တပ်ဆင်လျက်ရှိသည်။
အသစ်တည်ဆောက်နေစဉ် မော်တော်ယာဉ်များအား ဆွာချောင်းတံတား နေပြည်တော်ဘက် (အပြန်ဘက်ခြမ်း)မှ အလှည့်ကျဖြတ်သန်းခွင့်ပြုပေးထား သည်။
ပူးပေါင်းဆောင်ရွက်
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများက လုပ်ငန်းစဉ်တစ် လျှောက် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက် လျက်ရှိသည့် ဆောက်လုပ်ရေးအင်ဂျင်နီယာအဖွဲ့များ၊ လုပ်သားများနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကျောက်ကြီးများဖြည့်
ရန်ကုန်-–နေပြည်တော် အမြန်လမ်းပိုင်း ဆွာချောင်းတံတား ယာယီဘေလီသံပေါင် တပ် ဆင်ခြင်းလုပ်ငန်းများကို စက်ယန္တရားများ၊ ကျွမ်းကျင်လုပ်သားများဖြင့် ဆက်လက်ဆောင် ရွက်လျက်ရှိပြီး နေပြည်တော်ဘက် (အပြန်ဘက်ခြမ်း) တံတားချဉ်းကပ်လမ်း ကြံ့ခိုင်စေရန် အတွက်လည်း တပ်မတော်သားများအကူအညီဖြင့် ကျောက်ကြီးများဖြည့် ခင်းကျင်းလျက် ရှိသည်။
ဆက်လက်ထုတ်ပြန်မည်
အဆိုပါဆွာချောင်းတံတား ယာယီဘေလီသံပေါင် တပ်ဆင်သည့်လုပ်ငန်းခွင်သို့ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် သွားရောက်စစ်ဆေးကြီးကြပ်ပြီး အပြီး သတ်အခြေအနေများကို ဆက်လက်ထုတ်ပြန်မည်ဟု သိရသည်။

















