မန္တလေးမြို့တွင် ဆိုင်ကယ်ရပ်ဖုန်းပြောနေသူ၏ လည်ပင်းကို ဓားဖြင့်လှီးကာ ဆိုင်ကယ်လုခဲ့သည်ဆိုသူကို သက်ဆိုင်ရာက ယနေ့ ဩဂုတ် ၃၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့မရဲစခန်းမှသိရသည်။
ဩဂုတ် ၂၉ ရက် ည ၁၀ နာရီအချိန် ၊ ချမ်းအေး သာစံမြို့နယ် ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်နေ တိုင်တန်းသူသည် နေအိမ်၌ရှိနေစဉ် ကန်ကောက်ရပ်ကွက်နေ ညီဖြစ်သူ ကျော်ကျော်ဦး(၄၂) နှစ်သည် မဟာမြိုင်(၂)ရပ်ကွက်ရှိ မနော်ရမ္မံ ကစားကွင်းရှေ့လမ်းဘေးတွင် ၄င်းစီးနင်းသည့် ဆိုင်ကယ်အားရပ်ပြီး ဖုန်းပြောနေစဉ် ၆၂ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးက နောက်မှရောက်ရှိလာကာ ကျော်ကျော်ဦး၏ လည်ပင်းအားဓားဖြင့်လှီး ခဲ့ပြီး ဆိုင်ကယ်လုယူသွားခဲ့သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ ညီဖြစ်သူတွင် လည်ပင်း ၄ လက်မခန့်ပြတ်ရှဒဏ်ရာ တစ်ချက် ရရိလဲခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။မဟာအောင်မြေမြို့မရဲစခန်း(ပ)၆၅၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရအမှုဖွင့်စုံစမ်းခဲ့သည်။
သက်ဆိုင်ရာက စုံစမ်းခဲ့ရာ ဩဂုတ် ၃၁ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ်နေ အောင်ကို(၂၂) နှစ် ကို ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုသည့် သက်သေခံဓား၊ လုယူသွားသည့် သက်သေခံ YAMAHA FINO ဆိုင်ကယ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

















