ရန် ကုန် - တောင်ငူကြား လမ်းဘူတာများမှ ခရီးသည်များအဆင်ပြေစေရန် အထူးရထားပြေးဆွဲ

ရန် ကုန် - တောင်ငူကြား လမ်းဘူတာများမှ ခရီးသည်များအဆင်ပြေစေရန် အထူးရထားပြေးဆွဲ

ရန်ကုန်- တောင်ငူ ကြား လမ်းဘူတာများမှ  ခရီးသည်များ အဆင်ပြေစေ ရေးအတွက် အဆန်အထူးရထားအား သြဂုတ် ၃၁ရက် တွင် အမှတ် ၇ အဆန်ရထားအချိန်စာရင်းအတိုင်း ထွက်ခွာပေးမည် ဖြစ် ကြောင်း မြန် မာ့မီးရထား ဦး ဇော် လွင် (တိုင်း-၇ ) က ပြောဆိုသည်။

ယင်းသို့ ပြေးဆွဲရာတွင် လမ်းခရီး၌  ၃ အဆန်၊ ၃၁ အဆန်၊ ၇အဆန် ရပ်တန့်သည့်ဘူတာများ၌ ရပ်တန့်ပေးမည် ဖြစ် သည် ။ အစုန်အထူးရထားအား သြဂုတ် ၃၁ရက်တွင် တောင်ငူမှ ရန်ကုန်သို့  ၃၂ အစုန်ရထား အချိန်စာရင်းအတိုင်း ပြေးဆွဲပေးမည် ဖြစ်ပြီး လမ်းခရီး၌ ၃၂အစုန်၊ ၈အစုန်၊ ၄အစုန် အမြန်ရထားများ ရပ်တန့်သည့် ဘူတာများ၌ ရပ်တန့်ပေးသွားမည် ဖြစ်သည် ။

ယခင် နေပြည်တော်-မော်လမြိုင် ပြေးဆွဲပေးနေသည့် လူစီးရထားအား သြဂုတ် ၃၁ ရက် မှစ၍ တောင်ငူ-မော်လမြိုင်ခရီးစဉ်အဖြစ် ယာယီပြောင်းလဲကာ အစုန်/အဆန် (၁)ရက်ခြား ပြေးဆွဲ ပေးမည် ဖြစ်သည်။ အဆန်အထူးရထား အဖြစ် ရန်ကုန်ထွက် ည ၉ နာရီ- တောင်ငူရောက် ညသန်းခေါင် နံနက် ၂ နာရီ ၅၀ မိနစ် ၊ အစုန် အထူးရထား တောင် ငူထွက် ၁၀ နာရီ ၄၅မိနစ် ရန် ကုန် အ ရောက် ညနေ ၅နာရီ ရောက် ရှိမည် ဖြစ်သည် ။

ယင်းအပြင် ရန် ကုန် - မန္တ လေး ရထားခရီးစဉ်အား ၁၁အဆန် ၁၂ အစုန် ရထားဖြင့် စက် တင် ဘာ ၁ ရက် တွင်  ရန် ကုန် မှ ရေတာရှည်သို့ ပြေးဆွဲပေးမည် ဖြစ် ပြီး ရေတာရှည် မှတစ်ဆင့် ဆွာဘူတာအထိ ခရီသည် များအားကားဖြင့် ပို့ ဆောင် ပေးမည် ဖြစ် ရာ ယင်းမှတစ်ဆင့် မန္တ လေး ရထားဖြင့် ပြန်လည် ပြေးဆွဲမည် ဖြစ်သည်။

သြဂုတ် ၂၉ ရက်က ဆွာ ရေ လှောင် တမံ ရေပိုလွဲ ပြိုကျပျက်စီးမှုကြောင့် ရထားလမ်း ရေကျော်ကာ ရန် ကုန် - မန္တ လေး - နေပြည် တော် လမ်းပိုင်းနှင့် ရန် ကုန် - တောင် ငူလမ်းပိုင်းများ ယာယီရပ် ဆိုင်းထားခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရထားလမ်းကို အမြန်ဆုံးပြန်လည် ပြုပြင်ခဲ့၍ ယခုကဲ့သို့ ရန် ကုန် - တောင် ငူ ရထားခရီးစဉ် အားပြန် လည် ထွက် ပေးနိုင် ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး