ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား တိုင်အခြေအောက်ဂလိုင် ( ၄ ဒသမ ၂) မီတာအထိ ဖြစ်ပေါ်ခဲ့

ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား တိုင်အခြေအောက်ဂလိုင် ( ၄ ဒသမ ၂) မီတာအထိ ဖြစ်ပေါ်ခဲ့

ရန်ကုန် - မန္တလေး အမြန်လမ်း ဆွာချောင်းတံတား နိမ့်ကျသွားသည့်တိုင်များကို ရေငုပ်သမားများက တိုင်းတာခဲ့ရာ ရေစီးကြောင်း၏ ပြင်းထန်မှုကြောင့် တိုင်အခြေ အောက်ဂလိုင်တွင် ( ၄ ဒသမ ၂) မီတာအထိ ဖြစ်ပေါ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်၌ ထုတ်ပြန်ထားသည်။ 

သြဂုတ် ၂၉ ရက်က ဆွာရေလှောင်တမံမှရေပိုလွှဲမှုကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းရှိ ဆွာချောင်းတံတားနိမ့်ကျသွားကာ ယာယီလမ်းပိတ်ထားခဲ့ပြီး ယင်းတံတားအား ဘေလီတံတားပြုလုပ်၍ သြဂုတ် ၃၁ ရက်က ယာဉ်များအားလုံးဖြတ်သန်းခွင့်ရခဲ့သည်။ ထို့သို့ ဆွာချောင်းတံတား နိမ့်ကျသွားသောတိုင်နံပါတ် (၅) နှင့် တိုင်နံပါတ် (၇) တို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပညာရှင် များနှင့် ရေငုပ်သမားများက တိုင်းတာမှုတို့ကြောင့် တိုင်အခြေ အောက်ဂလိုင်တွင် ( ၄ ဒသမ ၂) မီတာအထိ ဖြစ်ပေါ်ခဲ့သည်ကို သိရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 
သို့ဖြစ်ပါ၍ သြဂုတ် ၂၉ ရက် ညဦးပိုင်းမှစတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာများနှင့် ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း (၃) ရင်းမှ တပ်မတော်သားများ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ ကျောက်ကြီးများ ထည့်ထားသည့် သံဇကာခြင်းများကို အဆိုပါရေအောက်ဂလိုင်များအတွင်းသို့ ဆက်တိုက်ထည့်သွင်းခဲ့ရာ စက်တင်ဘာ ၁ရက် နံနက် (၆) နာရီတွင် ဂလိုင်များ၏ sounding အခြေအနေတိုင်းတာမှုအရ ယခင် (၄ ဒသမ ၂) မီတာမှ (၁ ဒသမ ၂) မီတာသာကျန်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
လက်ရှိအချိန်တွင် ရန်ကုန် - မန္တလေး (လမ်းဟောင်း)ကိုလည်း ဖြတ်သန်းသွားလာနိုင်နေပြီး ရန်ကုန် - မန္တလေး ရထားခရီးစဉ်ကိုလည်း ဖြတ်သန်းသွားလာနိုင်နေပြီဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး