ဟုမ္မလင်းမြို့အနီးဗဟိုပြု၍ အင်အားနည်းမြေငလျင်လှုပ်ခတ်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ဟုမ္မလင်းမြို့အနီးဗဟိုပြု၍ စက်တင်ဘာ ၂ ရက် နံနက် တစ်နာရီကျော်က အင်အားနည်းမြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ ၂ ရက် နံနက် ၁နာရီ၊ ၄၉ မိနစ်၊ ၄၆ စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၇၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့တောင်ဘက် (၂၇)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၄ ဒသမ ၇၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၃၃) ဒီဂရီ၊ အနက်(၁၄၃) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းထွာရရှိခဲ့သည်။















