စင်ကာပူ ယူ-၁၆နှင့် ယူ-၁၉လက်ရွေးစင်အသင်းများသည် မြန်မာနိုင်ငံ၌ လေ့ကျင့်ခြေစမ်းရန်အတွက် စက်တင်ဘာ ၃ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး မြန်မာအမျိုးသမီးလူငယ်အသင်းများနှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲသုံးပွဲကစားမည်ဖြစ်သည်။
အာရှယူ-၁၆အမျိုးသမီးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရန်ရှိနေသည့် မြန်မာယူ-၁၆ အမျိုးသမီးအသင်းသည် စင်ကာပူ ယူ-၁၆ အသင်းနှင့် ခြေစမ်းပွဲ နှစ်ပွဲယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမခြေစမ်းပွဲကို စက်တင်ဘာ ၄ရက် ညနေ၃နာရီခွဲတွင် လညး်ကောင်း၊ ဒုတိယခြေစမ်းပွဲကို စက်တင်ဘာ ၆ရက် မွန်းလွဲ ၃နာရီခွဲတွင်လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ တောင်ကြီးမြို့၌ လေ့ကျင့်လျက်ရှိသည့် မြန်မာယူ-၁၆အမျိုးသမီးအသင်းမှာ စက်တင်ဘာ ၂ရက်က ပြန်လည်ရောက်ရှိလာပြီ ခြေစမ်းပွဲအတွက် ပြင်ဆင်လျက်ရှိနေသည်။
အလားတူပင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှယူ-၁၉အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲယှဉ်ပြိုင်ရမည့် မြန်မာယူ-၁၉အမျိုးသမီးအသင်းသည် စင်ကာပူ-၁၉အမျိုးသမီးအသင်းနှင့် စက်တင်ဘာ ၆ရက် နံနက် ၈နာရီခွဲတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်ဖြစ်သည်။















