၂၀၂၀တိုကျိုအိုလံပစ်အားကစားပွဲ၏ အမျိုးသမီးဘောလုံးပြိုင်ပွဲ ပထမအဆင့်ခြေစစ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ပဏာမ ကစားသမား၂၆ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိနေကြောင်း သိရသည်။
မြန်မာအသင်းယှဉ်ပြိုင်မည့် ပထမအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၈ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်သည်။
မြန်မာအမျိုးသမီး ပဏာမကစားသမားစာရင်းမှာ ဂိုး - ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ခင်သီတာအေး၊ နောက်တန်း- ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ငယ်ငယ်ထွေး၊ ခင်မျိုးဝင် ၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်တို့ ဖြစ်ကာ အလယ်တန်း- ခင်မာလာထွန်း၊ ခင်မို့မို့ထွန်း၊ သင်းသင်းယု၊ မေစံပယ်ဖူး၊ လဲ့လဲ့လှိုင်၊ နန်းမေသဇင်၊ ခင်မိုးဝေ၊နုနုတို့ဖြစ်ပြီး ရှေ့တန်း- ရီရီဦး၊ ဝင်းသိဂီထွန်း၊ ဂျူလိုင်ကျော်၊ နီလာဝင်းတို့ ဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းသည် အုပ်စု(ဂ)တွင် အိန္ဒိယ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် အတူကျရောက်လျက်ရှိပြီး အဖွင့်ပွဲအဖြစ် ဘင်္ဂလားဒေရှ့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက တာဝန်ယူလျက်ရှိသည်။















