ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်တွင်းထွက်ခွာရာနေရာ၌ ကော့သောင်းခရီးစဉ်သို့ သွားရောက်မည့် ခရီးသည်တစ်ဦး အတက်ရောဂါဖြင့် ကွယ်လွန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်တွင်းထွက်ခွာရာနေရာ၌ ကော့သောင်းခရီးစဉ်သို့ သွားရောက်မည့် ခရီးသည်တစ်ဦး အတက်ရောဂါဖြင့် ကွယ်လွန်

စက်တင်ဘာ ၃ ရက် နံနက် ၈နာရီ မိနစ် ၃၀ အချိန်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် လိုက်ပါမည့်ခရီးသည်တစ်ဦးစောင့်ဆိုင်းနေစဉ်အတွင်း ဝက်ရူးပြန်ရောဂါ(အတက်ရောဂါ)ဖောက်လာပြီး ဆေးရုံရောက်သည့်အချိန်၌ ကွယ်လွန်သွားကြောင်း လေဆိပ်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဘင်ဂျာမင်က စက်တင်ဘာ ၄ ရက်၌ ပြောဆိုသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးစဉ်အမှတ် UB - 395 ဖြင့် ရန်ကုန်လေဆိပ်မှ ကော့သောင်းလေဆိပ်သို့ လိုက်ပါစီးနင်းမည့်ခရီးသည်တစ်ဦးဖြစ်သူ နေပြည်တော် (လယ်ဝေး) မြို့နယ်နေ ကို------ အသက် (၃၅) ခန့်ရှိသူသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ Terminal -3 အနီးမှ ခရီးသည်များနားနေရာ ထိုင်ခုံ၌ထိုင်နေစဉ် ရုတ်တရက် ဝက်ရူးပြန် (အတက်ရောဂါ) ဖောက်လာပြီး သတိမေ့လဲကျသွားကြောင်းလည်း ၎င်းကပြောဆိုသည်။ 
ယင်းသို့သတိလစ်လဲကျသွားပြီးနောက် လေဆိပ်တာဝန်ရှိ အဖွဲ့များမှ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။ 
" ကော့သောင်းလေဆိပ်ကိုသွားဖို့ထိုင်စောင့်ပြီးနားနေချိန်မှာ အတက်ရောဂါဖြစ်ပြီး သတိမေ့သွားပြီးတော့ မြောက်ဥက္ကလာပ ဆေးရုံကိုပို့လိုက်ပါတယ် ။ ဆေးရုံရောက်ပြီး ဆရာဝန်ရှေ့မှာ ဆုံးသွားတာပါ " ဟု ဦးဘင်ဂျာမင်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး